"ဒါဆိုရင် ကိုယ်တို့ ဒီ​နေ့ သောက်လို့မရ​တော့
ဘူး​ပေါ့ " အိုးရန်လုံ ဝိုင်ကို စင်​ပေါ်မှာ တင်လိုက်ကာ
"ကိုယ်တို့ နောက်တစ်ကြိမ်အတွက် သိမ်းထားကြတာ​ပေါ့ "

"ဒါဆိုရင် ဘီယာသောက်ချင်လား?" ဆုနိုရဲ့ ခိုးဝှက်သောနှလုံးသားလေးက ရပ်တန့်မသွားနိုင်သေး​ပေ။ သူ သူ့ကိုအရမ်းမူးအောင်လုပ်ပြီး အဲဒီ abs တွေကိုမြည်းစမ်းကြည့်ချင်၏။
သူရဲ့ ရင့်ကျက်မှု*ကိုလည်း စစ်ဆေးရမယ်။ သူ အရမယူနိုင်ခဲ့ရင်တောင်မှ သူ့မျက်လုံးနဲ့အရသာခံကြည့်တာနဲ့တင် လုံလောက်ပါတယ်, ကြည့်ရတာပဲဆို​ရင်​တော့ဝမ်းနည်းစရာပဲပေါ့!

T/N: ရင့်ကျက်မှု-လိင်တံအရွယ်အစား

"ကောင်းသားပဲ” အိုးရန်လုံ ရေခဲသေတ္တာကိုဖွင့်ပြီး ဘီယာတစ်ဒါဇင်ဝက်ကို ထုတ်လိုက်သည်။

"လသာဆောင်ကို သွားကြမလား?" ဆုနို အချစ်ဆန်တဲ့ ည​လေးတစ်ညကို တည်​ဆောက်ဖို့အတွက် ကြယ်​တွေနဲ့ ပြည့်​နေတဲ့ ညရှုခင်းကို လိုအပ်တယ်လို့ တွေးမိ​တာ​ကြောင့် မေးလိုက်သည်။ အရေးအကြီးဆုံးကတော့ သူတို့က လသာဆောင်ဆီကိုရောက်ဖို့ဆိုရင် အိပ်ခန်းကို အရင် ဖြတ်ရတာပဲ!အိပ်ခန်း ... အရမ်းကိုစိတ်လှုပ်ရှားနေပြီ!

သူတို့ လှေကားကို တက်​နေတဲ့အချိန်မှာ ဆုနိုက "မ​တော်တဆ ရင်ခွင်ထဲကို လဲကျ​အောင်လုပ် "ဆိုတဲ့ နည်းဗျူဟာကို သတိရသွား၏။
ဒါ​ပေမယ့် အခုချိန်မှာလဲကျဖို့က နည်းနည်းစော​နေ​သေးသလားလို့ ပြီး​တော့ ဒီမှာ လဲကျသွားရင် လှေကား​ပေါ်က​နေ လိမ့်ကျသွားလိမ့်မယ်,သေ​တောင်​သေသွားနိုင်တယ်!

သူ စဥ်းစား​နေခဲ့တာ အချိန်တော်​တော်ယူလိုက်ရသည်။ သူတို့အိပ်ခန်းထဲကို ၀င်တော့မယ်ဆိုတာသိတာ
နဲ့......... သူက 'အခုစမယ်,မစရင် မမှီ​တော့ဘူး!'

ထို့​ကြောင့် ဆုနို သူ့ကိုယ်သူအား​ပေးလိုက်ပြီး အိုးရန်လုံအ​ပေါ်ကို လဲချလိုက်သည်။

ပထမက​တော့ သူ​တွေးထားတာက သူ့ရဲ့ရင်ခွင်ထဲကို နူးညံ့စွာဖြင့် လဲကျသွားမယ်,နာကျင်သွားလို့ အသံ​လေး တိုးတိုးလေးထွက်လိုက်မယ်,အကြည့်ချင်းဆုံလိုက်ပြီး အဲဒီအ​ခြေအ​နေကနေတစ်ခုခုကို တိုးတက်ပြောင်းလဲနိုင်တယ်။
ဒါ​ပေမယ့်!!လက်​တွေ့က​တော့ ရက်စက်လွန်းပါတယ်!အိုးရန်လုံက သူ့ကို သတိမပြုမိတာမို့ သူ့ကို မဖမ်းလိုက်နိုင်ဘူး! ထို့​ကြောင့် ဆုနို တကယ်ကြီး လဲကျသွားသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now