အောက်မှာ သင့်​တော်တဲ့ အကြံဉာဏ်တွေလည်း အများကြီးရှိ​သေးတယ်!
"အချစ်နေ့လည်စာဘူးတို့" " မ​တော်တဆ ချော်လဲတာတို့ " " မိုးရွာတဲ့​နေ့မှာ တစ်ညလုံးညအိပ်တာတို့ " "ရည်းစားရဲ့ ရှပ်ကို ဝတ်ပြီး မြူဆွယ်တာတို့ " အဲ့ဒီနည်းလမ်း​တွေက အဖန်တစ်ရာ​ကြေ​​နေပြီ ဆို​ပေမယ့်လည်း မိန်းက​လေးတော်​တော်များများက စမ်းသပ်ကြည့်ပြီး စူပါသက်​ရောက်မှုရှိတာကို တွေ့ရသည်။

အပေါ်ကနည်းလမ်း​တွေ အကုန်လုံးက လုပ်ကြည့်ဖို့ မခက်ခဲပါဘူး!
ဆုနို ပန်းသီးတစ်လုံးကို ကိုက်ချလိုက်ပြီး သူ့ပါးစပ်ထဲမှာ အပြည့်ဝါး​နေသည်။

ပထမအ​နေနဲ့ အိမ်မှာ ကိတ်ချို​ချိုလေး​တွေဖုတ်, ဒုတိယအချက်က သွားဖို့ အ​ကြောင်းရှာ, ပြီးရင် မ​တော်တဆ သူ့ရင်ခွင်ထဲ လဲကျသွား​အောင်လုပ်, ပြီးရင် ဆွဲ​ဆောင်မှုရှိရှိနဲ့ မျက်စိတစ်ဖက် မှိတ်ပြလိုက်!

နောက်တစ်ဆင့်က ညအိပ်ဖို့ အခွင့်အရေးကိုရှာ ,ရေချိုးပြီး​ရင် အိုဗာဆိုဒ်ရှပ်ကို ဝတ်, ပြီးရင် အကြည့်နဲ့ သူ့ကို ဖမ်းစားလိုက်!perfect ပဲ!

အား!!,ငါက အရမ်းကို လည်တာပဲ!ဆုနို သူ့ရဲ့အံ့သြဖွယ်အနာဂတ်ကို ပုံ​ဖော်နေ​တော့သည်။

သူ စိတ်ကူးနဲ့ရူး​နေတဲ့ အချိန်မှာပဲ သူ့ကွန်ပျူတာကရုတ်တရက်မှေးမှိန်သွားပြီး မက်ဆေ့ခ်ျတစ်ခုက စက်ခရင်​ပေါ်မှာ ပေါ်လာသည်။

[မင်းအခုထိမအိပ်သေးဘူးလား?]

ရင်းနှီးနေသည့် နာမည်ကို ကြည့်ရင်း ဆုနို အလွန်အံ့သြသွားပြီး ချက်ချင်းပင် ထိုင်ခုံပေါ်က​နေ​တောင် ထခုန်မိသွား၏။
သူက အရမ်းကို တုံးအ,ချက်ပဲ! သူ မမြင်နိုင်တာကိုဘယ်လိုလုပ်မေ့သွားရတာလဲ!
ဒါ-ဒါ-​ပေ-မယ့် သူက​ရော ဘာလို့ မအိပ်​သေးတာလဲ?

အား!, အခု သူ အရမ်းကို စိတ်လှုပ်ရှားနေရတယ်! ဒါ​ပေမယ့် စိတ်နဲ့ကိုယ်နဲ့ ကပ်ရမယ် !

စာတို​လေး ဖြစ်​ပေမယ့် သူစိတ်တိုင်း မကျမခြင်း လေးခါ​လောက် ပြန်​ရေးလိုက်ရသည်။ ဒါ​ကြောင့် သူ လေး​လေးနက်နက်နဲ့စာကို ပို့လိုက်၏။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now