ပို့စ်မှာ, ဆု​ရှောင်းနိုက သူ့​ဒေါသ​တွေကို လောင်စာအဖြစ်သုံးရင်း အိုးရန်လုံက လူ​တွေကို မျက်လုံးထဲ မထည့်​ကြောင်း-ကလူမြူစွယ်တတ်​ကြောင်း-ချမ်းသာ​ပြီး​တော့ ယောကျ်ားမဆန်​သည့် လူတစ်​ယောက်ဖြစ်​အောင် ရေးခဲ့၏။
ထိုမျှမက,သူက ထန်​ရှောင်းယွီကိုလည်း သူရဲ့ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်ကို သုံးပြီး လူတိုင်းကို အကြည့်​တွေဖြင့်ဆွဲဆောင်သည့် မြေခွေးမိစ္ဆာအဖြစ်ပုံဖော်ခဲ့သေးတယ်။

အဖြစ်မှန်နဲ့က​​တော့ တကယ်ကွာခြားလွန်းပါတယ်!

ဒါ​ပေမယ့် ဒါက ကိစ္စမရှိပါဘူး သူ​တင်လိုက်တဲ့အထဲမှာ​တော့ ဘယ်သူ့မှ သူတို့ကို ဘယ်သူမှန်း သိမှာမဟုတ်ဘူး!

ပိုစ်က တက်သွားပြီး​နောက် အံ့သြစရာမရှိ လူ​တွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းယူနိုင်ခဲ့သည်။

လူတိုင်းက ကမ္ဘာပေါ်မှာ ဆင်ဂယ်လူ​ကောင်းတစ်​ယောက်မှမရှိဘူးဆိုတာကို လက်ခံကြသည်။ ပြီး​တော့ မြေ​ခွေးမိစ္ဆာကိုလည်း အပြစ်​ပေးသင့်တယ်! ပို့စ်တင်တဲ့ OP က အရမ်းသနားစရာ​ကောင်းတာပဲ!ခေါင်း​လေးကို ပွတ်!ပါး​လေးကိုဆွဲ!မျက်နှာ​လေးကို နမ်း !

ငါ့ကို နှစ်သိမ့်ပေးစရာမလိုပါဘူး!ငါက အ​ဖြေလိုချင်တာ!

ဆုနို မချိတင်ကဲ ဖြစ်ကာ ပြန်​ပြောရန် လော့အင်ပြန်ဝင်လိုက်သည်။
<ငါသူ့ကို ပြန်ယူနိုင်မယ်လို့ မင်းတို့​တွေထင်လား?>

ဒါကမှ တကယ့် ရည်ရွယ်ချက်အစစ်အမှန်ပဲ!

တိကျတဲ့မေးခွန်းဆိုရင် လူတိုင်းက အ​ဖြေကို ပိုပြီး တိတိကျကျ ဖြေနိုင်ပြီး အ​ဖြေ​တွေကလည်း ပိုပြီးယုံကြည်စိတ်ချရသည်။

လူတိုင်းက သူမှန်တယ်ဆိုတာကို အငြင်းအခုံဖြစ်ကြတော့သည်။ မြေခွေးမိစ္ဆာကို နောက်ဆုံးထိုးနှက်ချက်တော့ ပေးသင့်တယ်!

ဆုနို ထင်မြင်ချက်တစ်ခုချင်းစီကိုကြည့်ပြီး
'မင်းက မြေခွေးမိစ္ဆာနဲ့ နပန်းလုံးသင့်တယ် " ဒါမှမဟုတ် 'မင်းလက်လျှော့သင့်တယ် ' ဒါမှမဟုတ် 'အချစ်ဆေးပြားရောင်းတာက သူ့ကိုအရူးအမူးဖြစ်စေလိမ့်မယ် ' ဆိုတဲ့ အဓိပ္ပါယ်မရှိသည့် အကြံ​တွေကို​တော့ လျစ်လျူရှုလိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now