part-1

34.3K 787 15
                                    

(United)

တဖျပ်ဖျပ်လင်းလက်နေသော မီးရောင်စုံ ကာလများ နှင့် ဒီဂျေသံများကြောင့် ရိပေါ် ခေါင်း ကိုက်လာရသည်။ ကလပ်တွေကို ရိပေါ် မကြိုက်ပါ အပျော်အပါးကိုလဲ မခုန်မင်တက် တဲ့ ရိပေါ် ကတစ်ကိုယ်တည်း အေးဆေးနေတက်သူဖြစ်သည် ။ မီးရောင်စုံအောက်တွင် ကခုန်နေကြသော မိန်းကလေး များ နဲ့ယောင်္ကျားကို ကြည့်ပြီး ရိပေါ် မျက်နှာမူန်ကုပ်လာတော့သည် ။ သူ ကို ဒီကို ရောက်အောင် ဆွဲခေါ်လာသော ကျန်းချန် ကြောင့် ရိပေါ် မှာ မနေ ချင်လဲ ကြိတ်မှိတ်နေနေရသည်။ ရည်းစားလေးတခါ ရတာ တိုင်းပြည်ကြီး ပိုင်ဆိုင်သွားသလို့ အူမြူးနေသော ကျန်းချန် ကိုလဲ ရိပေါ် စိတ်ထဲ နုတ်နုတ် ခုတ်ထစ်ချင်နေတော့သည်။

ကျန်းချန် ကို လှမ်းကြည့်လိုက်တော့လဲ ဖွင့်ထားသော သံစဉ် အလိုက် ကခုန်နေတာကိုတွေ့လိုက်ရသည်။ အရာအားလုံးက သူမျက်လုံးတွေ့မှာ နှောက်ကျိလာ‌တော့သည် ။ သူအတွက်ချထားပေးသော အချိုရည်ကို ရိပေါ် ကောက်သောက်ပြစ်လိုက်ပြီးဟိုဟို ဒီဒီ လိုက်ကြည့်မိတော့သည် ။ ကခုန်နေသော လူတူများဖြင့် ဝေးကာလျက် အမှောက်ရိပ် မှာထိုင်နေသော ကောင်လေးတစ်ယောက်ကြောင့် ရိပေါ် ဘာရယ်မဟုတ် စိတ်ဝင်စားကာ ထိုင်ကြည့်နေမိသည်။ ဆံပင်အဖြူ ရောင်ကို ဆိုးချယ်ထားပြီး မူန်ကုပ်ကုပ်မျက်နှာဘေးဖြင့် ထိုင်နေသော ထိုကောင်လေးက တခုခုကိုအလိုမကျသလို့သဘောဆောင်နေသည် ။

လူကိုကြည့်တော့ အသက်တောင်ပြည့်ပါ့မလားဟု ရိပေါ် တွေးက ခေါင်းခါ နေမိသည် ။ အခုခေတ်ကလေးတွေက စူးစမ်းချင်စိတ်က အရမ်းကို ရှေ့ဆုံး ထားတက်ကြသည် ။ထိုမို့ ဒီလိုအရွယ်ကောင်လေးတွေကို ရိပေါ် မကြာခဏ ဆေးလိပ် လက်ကြားညှပ်တာတို့ အရက်လေးသမျှမျှဖြင့် မူးရစ်သောက်စားနေတာ ကို မတွေ့ချင်မမြင်ချင်လဲ ခဏ ခဏ မြင်တွေ့ရသည်။

လက်ထဲမှာ ကိုင်ထားသော အချိုရည်ကို ကုန်စင်အောင်မော့သောက်လိုက်ပြီး ထိုကောင်လေးဘက်သို့ အကြည့်ရောက်နေတာကို ပြန်ရုတ်သိမ်း၍ ကျန်းချန် ဘက်ကို ပြန်လှည့်ကြည့်လိုက်သည်။

"ရိပေါ် ပျင်းနေပြီးလား "

စကားသံကို ဗလုံးဗထွေ ပြောလျက် ယိုင်တိယိုင်တိုင်လျှောက်လာသော ကျန်းချန် ကို ရိပေါ် သွားမကူးဘဲ ဒီအတိုင်း ထိုင်ကြည့်နေလိုက်သည်။

🔥အမုန်းဆွဲအား~~~~💥(completed) Where stories live. Discover now