လက်နှစ်ဖက်ကြား အပြန်အလှန်,လှန်ပစ်လိုက်ကာ သာမန်ဒင်္ဂါးပြားသည် ရုတ်တရက်ပျောက်ကွယ်သွားပြီး ချိုးကျီယန်သည် သူရှိသမျှကို အာရုံစိုက်ကြည့်နေသော်လည်း လှည့်ကွက်ဘယ်မှာမှ ရှာမတွေ့ခဲ့သဖြင့် ထန်​ရှောင်းယွီ၏လက်ကို ဆွဲကြည့်လိုက်သည်။

"မင်း ဘယ်လိုလုပ်လိုက်တာလဲ?"

ထန်​ရှောင်းယွီ ပြုံးလိုက်သည့်အတွက် သူ့မျက်လုံးတွေက ကွေးညွှတ်သွားပေမယ့် သူ့ကိုမပြောပြ​ချေ။

"ဒီလောက်မရက်စက်ပါနဲ့ကွာ!" ချိုးကျီယန် အရမ်းကို မကျေမနပ်ဖြစ်နေသည်။

ဆုနိုနှင့် အိုးရန်လုံတို့ လသာဆောင်နားကို မ​ရောက်ခင်မှာပဲ ထိုမြင်ကွင်းကို မြင်ခဲ့ရသည်။

လက်နှစ်ဖက်ကိုကိုင်ပြီး ရယ်​နေကြတာက.....ဘာလဲ?!

အိုးရန်လုံ သူ့မေးစေ့ကိုပွတ်လိုက်ပြီး ဆုနိုဘက်ကိုလှည့်ကြည့်လိုက်သည်။ သူ ကြောင်အပြီး ရပ်​နေသည်မှာ ကျောက်ရုပ်ဖြစ်သွားသလိုပင်!

ဒီလောက် ကြီးကြီးမားမားတုံ့ပြန်မှုကြီးက တကယ်ဖြစ်စရာလိုလို့လား? မစ္စတာဒါရိုက်တာ မ​ကျေမနပ် ပြောရင်း သူ့ကို နားရွက်က​နေဆွဲပြီး အ​ဝေးကို ခေါ်သွားလိုက်ချင်၏။

ဆု​ရှောင်းနိုလေးသည် ဒုတိယအကြိမ် အထင်လွဲခံရခြင်းဟူသောအချက်ကိုပင် လုံးဝသတိမပြုမိခဲ့ပေ။
ချိုးကျီယန် ဘေးနားကလူက ကာစီနိုမှာလိမ်တဲ့သူတွေကို ဖမ်းပေးခဲ့တဲ့ ထန်​ရှောင်းယွီပဲ!

သူကို တကယ့်​ကြောင်အသွားစေ၏။
သူ absမန်းနဲ့ရယ်ရယ်မောမောစကားပြောနေတာ, ဒါလုံးဝကို အဓိပ္ပာယ်မရှိဘူး!

ချိုးကျီယန်ရဲ့ နောက်ခံအသိုင်းအဝိုင်းသည် အရမ်းကို ရှင်းလင်း၏။ သူရဲ့မိဘနှစ်ပါးလုံးက ပါမောက္ခများဖြစ်ပြီး မြေအောက်လောက,က လူ​တွေနဲ့ အဆက်အသွယ်ရဖို့ဆိုတာ သူ့အတွက်လုံးဝမဖြစ်နိုင်ပေ။

ထန်​ရှောင်းယွီက ချိုးကျီယန်ကို အ​လောင်းကစားစွဲသွားဖို့အတွက် တာဝန်ယူထားရလို့ပဲလား!

သူသာ ခြေတစ်လှမ်းမှားသွားမယ်ဆိုရင် ဘဝတစ်​လျှောက်လုံး လမ်းမှားကို ဆက်​လျှောက်ရလိမ့်မယ်။
ကြီးမားတဲ့ကြယ်တစ်ပွင့်က သူ့ရဲ့ပိုက်ဆံအားလုံးကိုလောင်းကစားဘက်မှာ ပုံ​အောခဲ့ပြီး လမ်းပေါ်ကသူတောင်းစားတစ်ယောက်အဖြစ်နဲ့ အဆုံးသတ်ခဲ့ရင် ဒါအရမ်းဝမ်းနည်းစရာကောင်းလိမ့်မယ်။
တကယ်လို့ ချိုးကျီယန်သာ သူ​တောင်းစားအုပ်စုထဲဝင်သွားရင် သူ့ရုပ်ရည် သူ့ခန္ဓာကိုယ်နဲ့ ချက်ချင်းကို စီနီယာတန်းဖြစ်မှာပဲ!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now