ဒီအချက်ကို ရောက်တဲ့အခါတွင် ဆုနို ထပ်စဥ်းစားဖို့ မဖြစ်နိုင်​​တော့​ချေ။ သူ ပြတ်ပြတ်သားသားဖြင့် ဝိုင်ခွက်ကို ကိုင်လိုက်ပြီး လ​သာ​ဆောင်ရှိရာဘက်ကို ဦးတည်သွားလိုက်သည်။
သူနဲ့ ချိုးကျီယန်က ကုမ္ပဏီတစ်ခုထဲက မော်ဒယ်တွေပဲ ရိုးရှင်းတဲ့ နှုတ်ဆက်တာ​လေး​လောက်က မထူးဆန်းပါဘူး ဟုတ်တယ်မလား?

အဲဒါဆိုရင် တစ်ဖက်လူရဲ့ မျက်နှာကိုလည်း မြင်ရလိမ့်မယ်!ငါက အရမ်းကို ညဏ်​ကောင်းလွန်းတာပဲ!

"မင်း ဘယ်သွားမလို့လဲ?" အိုးရန်လုံ သူ့ခန္ဓာကိုယ်ကိုစောင်းလိုက်ပြီး ဆုနိုအရှေ့မှာ ပိတ်ရပ်လိုက်သည်။ သူရှာလကာရည်အိုးထဲမှာ အနှစ်ခံလိုက်ရသလိုပဲ!

အိပ်မက်ကမ္ဘာကို ထွက်ခွာသွားသလို ဖြစ်​နေသည့်သူ့ပုံကို သည်းခံနိုင်ခဲ့တယ်! သူ လသာဆောင်ဘက်ကို ဆက်ကြည့်နေခဲ့တယ်ဆိုတဲ့ အချက်ကိုလည်း ဆက်သည်းခံနိုင်တယ်! ဒါ​ပေမယ့် အခု​တော့ သူက  ထွက်​ပြေး​တော့မယ်​ပေါ့​လေ!

"ချိုးကျီယန်ကို Hi လို့ သွားနှုတ်ဆက်မလို့ " ဆုနိုသည်  သူရဲ့အကြောင်းပြချက်က အလွန်ပင် ကျိုးကြောင်းဆီလျော်သည်ဟု ခံစားရသည်။

"ကိုယ် မင်းနဲ့လိုက်ခဲ့မယ် " အိုးရန်လုံရဲ့မျက်နှာသည် အေးစက်စက် ဖြစ်​နေ​သော်လည်း သူ့ရဲ့ မြိုသိပ်နိုင်တဲ့ Gong တစ်​ယောက်ရဲ့ ပုံရိပ်ကို​တော့ ထိန်းသိမ်းထားနိုင်​သေးသည်။

လသာဆောင်တွင် ချိုးကျီယန်က ထန်​ရှောင်းယွီကို အကြွေစေ့လှည့်ကွက်တစ်ခုကို ပြ​နေကာ "ဘယ်လက်ထဲမှာ အ​ကြွေ​စေ့လဲ?"
“ အ​ကြွေ​စေ့က အင်္ကျီလက်ထဲမှာ,ဘေးစက အပြင်မှာထွက်နေတယ်” ထန်​ရှောင်းယွီက မရယ်ဘဲ မနေနိုင်တော့​ပေ။

"....."

"မင်း ဒီလောက် ရိုးသားပြဖို့လိုလို့လား?" ချိုးကျီယန် ရယ်ရမလား ငိုရမှာလားမသိ​တော့​ပေ။ စကားတစ်ခွန်းထဲနဲ့ မိသွားရတယ်လို့ ထားစရာမျက်နှာ​တောင်မရှိ​တော့ဘူး!

"ကျွန်တော် လုပ်မယ် " ထန်​ရှောင်းယွီ အကြွေစေ့ကို ယူလိုက်ပြီး သူရဲ့အင်္ကျီလက်ကိုဆွဲဆန့်လိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now