ဟိုင်ကီ သူ့အဘိုးနားကိုရောက်ရော ဆန်ဒါဝေးကိုသူရှာမိသည်။ မနက်ကတွေ့ခဲ့တဲ့အစေခံအိုကြီးရဲ့နောက်မှာထိုကောင်လေးရှိတာမို့မသိမသာချောင်းကြည့်တော့ ဆန်ဒါဝေးနဲ့မျက်လုံးချင်းဆုံသွားသည်။

"ဘာလဲ " မိမိကိုလာကြည့်နေတဲ့ ထိုလူကြီးကို မေးငေါ့ပြ ပြီး မေးလိုက်သည်။ ထိုလူကြီး ကတော့ ဘာမှပြန်မပြောဘဲ ပြုံးပြသည်။

"အဟမ်း! "လူးဝဝစ်ကချောင်းဟန့်လိုက်တော့အကုန်လုံး ကလူးဝစ်ကိုခေါင်းမော့ပြီးကြည့်ကြသည်။ လူးဝစ်က အိမ်တော်ထိန်း ကို မျက်လုံးနဲ့အချက်ပြလိုက်​ေတာ ့အိမ်တော်ထိန်းက လူးဝစ်နားရောက်လာသည်။

အိမ်တော်ထိန်းက လူးဝစ်နားနားကပ်ပြီး စကားတစ်ချို့ကိုပြောတော့ လူးဝစ်က ခေါင်းငြိမ့်ပြီး ပြောစေလိုက်သည်။

" ဒီမှာရပ်နေတဲ့ ကောင်လေး က ဟိုင်ကီပါ ဒီနေ့ကစပြီး အိမ်တော်ရဲ့ ဒုသခင်ကြီးနေရာကို ယူမှာပါ ဒီနေ့ကစပြီး ဟိုင်ကီနဲ့ လူးဝစ်က ဒီအိမ်တော်ရဲ့အာဏာအကြီးဆုံးလူတွေ ဆိုတာ မှတ်ထားပါ "

အိမ်တော်ထိန်းပြောလို့ ပြီးသွားတော့ အစေခံတွေအားလုံး ဟုတ်ကဲ့ဆိုပြီးဦးညွှတ်ကြသည်။ ဟိုင်ကီက သူ့ကို လက်တို့နေတဲ့အဘိုးကြောင့်စကားတစ်ခွန်းနှစ်ခွန်းစ ပြောလိုက်သည်။

"ကူညီဖေးမကြပါအုံး" ဟုပြောလိုက်တော့အစေခံတွေကခေါင်းငြိမ့်ကြသည်။အိမ်တော်ထိန်းက လက်ရမ်းပြတော့ အစေခံတွေအကုန် သူ့နေရာနဲ့သူ ပြန်ပြီးအလုပ်လုပ်ကြသည်။

ထိုအချိန် လူးဝစ်က ဆန်ဒါဝေး ကိုလှမ်းခေါ်လိုက်သည်။
" ဆန်ဒါဝေး "

"ဗျာ သခင်ကြီး"

"ဟိုင်ကီ့ကို ဒီစံအိမ်ရဲ့နေရာအကုန်လိုက်ပြလိုက်...ပြီးတော့ မင်းကဒီနေ့ကစပြီး ဟိုင်ကီရဲ့ တောက်တိုမယ်ရ ပဲ! "ဟု လူးဝစ်က အေးစက်စက်အသံနဲ့ပြောလိုက်သည်။ ဆန်ဒါဝေးကလည်းအလိုက်သိစွာ ဟုတ်ကဲ့ဟုပြောလိုက်သည်။

....

" ဒါက သခင်ကြီးအမြဲလာတဲ့ပန်းဥယျာဥ် ကျွန်တော်ကမနက်တိုင်းဒီမှာရေလာလောင်းတယ် ပြီးတော့ ဒီနားကနေကြည့်ရင် စံအိမ်ရဲ့ဟိုးအနောက်မှာက အလုပ်သမားတွေနေတာ ပြီးတော့....." ဆန်ဒါဝေးရှင်းပြလို့မပြီးသေးခင်ဟိုင်ကီက စကားဖြတ်ပြောလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Sep 06, 2021 ⏰

Add this story to your Library to get notified about new parts!

Umm!  Fuck Me🔞Where stories live. Discover now