"အိမ်မှာ ငယ်ထွေးမှ မရှိတာ..."
သိသည်...မောင့်အကြောင်းအရမ်းကိုသိသည်။
မှော်ထဲက အပြန် ဆေးရုံကိုတန်းလာတာ ပုံစံကိုကြည့်အုံး... ပင်ပန်းနေတာတောင် ယောကျားမျက်နှာအရင် ပြေးကြည့်နေတော့တာ။
မောင်ဟာ...တကယ်ကို ကလေးလိုပါပဲ။အိမ်ရောက်တာနဲ့ ငယ်ထွေးလက်ကိုဆွဲပြီး အပေါ်တန်းပြီးတက်ဖို့ပြင်သည်။
ငယ့်မှာ မီးခိုခန်းကို အပြေးအလွှားသွားပြီး စီမံစရာရှိတာလေး ပါးစပ်နဲ့ပြောနေတာကိုပဲ သူက မီးဖိုခန်းဝမှာ ခါးထောက်ကာစောင့်ရင်းစိတ်မရှည်။
မောင် ပြန်လာပြီဆို ညနေစာ သူကြိုက်တတ်တာလေးတွေ ချက်ခိုင်းရမည်လေ။
မောင်မရှိသည့်ရက်တွေက အစားကို သိပ်လဲစားဖြစ်ခဲ့တာတော့မဟုတ်။
ငယ်လဲ လွမ်းနေတာကြောင့်ပါ။"ငယ်ထွေး...လာကွာ"
စိတ်မရှည်တော့ဘူး....ခေါ်နေပြီ။
"လာပြီ...လာပြီ...ချက်ဖို့ဟင်းလေးတွေ မှာနေတာ... မောင်ပြန်ရောက်လာတာမသိလို့ ချက်တာအဆင်မပြေဖြစ်မှာစိုးလို့ပါ...တကထဲ...ဘာဖြစ်နေတာလဲ"
မှော်ထဲကို နှစ်ရက်လောက်သွားပြီး ပြန်လာတာ ဖြစ်နေပုံကိုကြည့်။
"မောင့် ကားရပ်ထားရင် မောင်ပြန်လာတာ သိမှာပေါ့... ငယ်ထွေးကလဲ"
"အော်...မောင်ရယ်...အပြင်ထွက်မကြည့်မိတာမျိုးဖြစ်နေမှာစိုးလို့ပါ... "
"မောင် လွမ်းနေတာကိုကွာ....ငယ်က အချိန်ဆွဲနေတယ်"
ပြောရင်း လူကို ပွေ့ချီပြီ။
အပေါ်ထပ်ကိုတော်ရုံနဲ့ ဘယ်သူမှတက်မလာကြတာကြောင့်သာ တော်တော့သည်။
မောင် ဒီလိုပဲ အမြဲဖြစ်နေတာ... အပေါ်တက်လာတဲ့သူရှိရင်လဲ ရှက်လို့သေမှာပဲ။
လူကို အခန်းထဲတောင်မရောက်သေး.... အတင်းနမ်းတော့သည်။"မောင်ရယ်...နားပါအုံး...ရေချိုးပါအုံးလား... အ့...မောင်ရေ...ပြောတာအရင်နားထောင်"
ဘယ်နားထောင်လိမ့်မလဲ... လူကို ကုတင်ပေါ်တင်ပြီး အဝတ်တွေဆွဲချွတ်တော့သည်။
"မောင်ရယ်... ငယ်လဲ တနေကုန်ဆေးရုံမှာ နေရတာလေ... ဆေးနံ့တွေနဲ့မို့ပါ... မောင်..ခဏပဲ...အော်... မောင်ရယ်... မောင်ရေ"
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....
မောင့်အကြောင်းလေးတွေ
Start from the beginning