လွန်းက Caisher ပိုင်း တာဝန်ယူထားရသည်မို့ လူကျရင် ကျသလိုမျိုး မိုးချုပ်သွားပြီး လွန်း ညနက်မှ အိမ်ပြန်ရောက်ဖြစ်သည်။
အတိတ်တွေကိုလည်း လွန်း ပြန်မတွေးချင်ပါ လက်ရှိအချိန်မှာ ပဲ ကောင်းအောင်နေဖို့ ကြိုးစားမည်။
ခလွမ်း ခလွမ်း ဒုန်း ဖြောင်း
ပန်းကန်ကြကွဲသံတွေရော တုတ်နဲ့ရိုက်သံတွေရော ကြားရသည်မို့ လွန်း လန့်သွားရသည်။
တံခါးဝကနေ ချောင်းကြည့်တော့ လွန်းဆီကို ဒေါကြီးမောကြီးနှင့်လာနေသော လူတစ်ယောက် ။
ဝုန်း
တံခါးကို အားနဲ့ဆောင့် ဖွင့်လိုက်တာမို့ လွန်း ပါ အနောက်ကို ပက်လက်လှန် လဲကြမလိုဖြစ်သွားရသည်။
" လ လမြတ်ဝါဆို မင်း "
" ထလာခဲ့ အိမ်ပြန်မယ် "
လက်ကအကြောတွေပါ ထောင်နေသဖြင့် လမြတ်ဝါဆို ရဲ့ ဒေါသက level တစ်ခုရောက်နေပြီမှန်း လွန်း သိလိုက်ပြီ။
လက်မောင်းမှာလည်း ဒဏ်ရာကြီးနဲ့ကို ဒီလူဆိုးကောင်ကတော့ ။
" မလာဘူး ပြန်တော့ သွား လမြတ်ဝါဆို ငါ့အလုပ်ကို လာမနှောင့်ယှက်နဲ့ "
" လွန်း လ ရိပ် ဝေး မောင့်စကား နားထောင်နော် ဒီဆိုင် သုံးမိနစ်အတွင်း ပြာကြသွားတာ မြင်ချင်နေတာလား "
Iris စိတ်မချလို့ လွန်းကို တိတ်တိတ် လေး လိုက်ချောင်းမိသည်။
ကောင်မလေးနဲ့ သွားတွေ့မည် ပြောတဲ့လူက စားသောက်ဆိုင် ရဲ့ အနောက်ဘက် ထဲဝင်သွားတယ်တဲ့ ။
ပြီးတော့ လွန်း ကို ဟို ဘိုးတော် အော်နေထဲက သူ မသင်္ကာဖြစ်နေတာ မသေချာသေးလို့ Iris ဆွဲမထိုးပဲ ရပ်ကြည့်နေတာ အခုတော့ လွန်းက ဒီဆိုင်မှာ အချိန်ပိုင်း အလုပ်လုပ်နေတာတဲ့လား။
" လမြတ်ဝါဆို ငါ့အလုပ်ချိန်မပြီးမချင်း ငါမပြန်ဘူး ငါလစာရပြီးပြီ တစ်နည်းအားဖြင့် သူပေးထားတဲ့ ပိုက်ဆံကို ငါယူပြီးသွားပြီ ငါ့ဘက်က တာဝန်ကျေမှ ဖြစ်မယ် "
" အဲ့ဒါဆိုလည်း မောင်ကူပေးမယ် လွန်းက ကားထဲဝင်နေလိုက် မောင့် စကားနားထောင်နော် "
![](https://img.wattpad.com/cover/279722257-288-k414335.jpg)
အပိုင်း(၁၆)
Start from the beginning