အဖေဟာလုပ်ချင်တာကိုလုပ်ခွင့်ပေးပြီးသွားပြီမို့ အချိန်အသင့်အတင့်ကျရင် ဖြစ်သင့်တဲ့လမ်းစဉ်ကိုချပေးတော့မည်ဆိုတာကိုလည်းသိပါသည်။ အနုပညာမေဂျာယူပြီး စီးပွားရေးလုပ်နေတာပေါကြောင်ကြောင်နိုင်ပေမယ့် ဝါသနာနဲ့ ဖြစ်သင့်တာကိုရောထွေးကာ ကျွန်တော်ကတကယ်ပေါကြောင်ကြောင်သာ။

ဒီနေ့ စီးပွားရေးမေဂျာနောက်ဆုံးနှစ်သမားလေးတွေရဲ့ နောက်ဆုံးသောစာမေးပွဲ။ အညိုရောင်နဲ့ကျွန်တော့်ရဲ့ရင်းနှီးမှုက အတိုင်းထက်လွန်ဖြစ်ကာ ခုနောက်ပိုင်း ကျွန်တော်နမ်ဂျွန်းတို့ ယွန်းဂီတို့နဲ့တောင်စကားသိပ်မပြောဖြစ်ခဲ့။ ကျွန်တော် အညိုရောင်လေးဆီပဲ ရုန်းမရတဲ့နွံတွေလို နစ်နေခဲ့သည်။ အသစ်မြင်အဟောင်းမေ့တာလားဆို ဟုတ်လောက်ပါမည်။ ထင်ချင်သလိုထင်ကြပါစေလေ

အညိုရောင်လေးသည် စာမေးပွဲရှိတဲ့ရက်တိုင်း သူ့အိမ်မှာသာစာလုပ်သည်။ အညိုရောင်လေးအိမ်ရဲ့ပြဿနာကို အညိုရောင်လေးသည် ကျွန်တော့်တို့အိမ်က လူတွေရှေ့အားလုံးအားဖွင့်ချကာပေါ့ပါးအောင်နေသည်။ သူ့အိမ်ကပြဿနာကို ကျွန်တော်တို့မိသားစုသိပေမယ့် ကျွန်တော်တို့မိသားစုကိစ္စလေးတွေတော့ အညိုရောင်လေးမိသားစုသိမယ်မထင်ပါ။ သိဖို့လည်းမမျှော်လင့်ခဲ့။

🤎

"ထယ်ယောင်း ဖြေနိုင်ခဲ့ရဲ့လား?"

ခေါက်ထီးလေးကိုနှစ်ယောက်မလုံစွာအတူတူဆောင်းပြီးတဲ့နေ့တွေမှစလို့ ကျွန်တော်ထီးအကြီးကြီးကိုဆောင်လာတတ်တယ်။ ခေါက်ထီးလေးအစား ဒီထီးကြီးကြီးဟာ ကျွန်တော်နှစ်ယောက်စာလုံကောင်းလုံပါရဲ့။

ခုလည်း တက္ကသိုလ်ကြီးရှေ့ ကျွန်တော်ဟာထီးကြီးတစ်ချောင်းကိုင်ကာ ဟိုဘက်လျှောက် ဒီဘက်လျှောက်နဲ့ သားပျောက်မိခင်ထပ်ပိုအောင် စိတ်လှုပ်ရှားနေမိသည်။ ကျွန်တော်ကိုယ်တိုင်စာမေးပွဲဖြေခဲ့တုန်းကတောင် ဒီလောက်ထိမပူပင်ရခဲ့ပါ။

ဒီဘာသာဟာ အညိုရောင်လေးအတွက်အခက်ဆုံးဘာသာမို့ ကျွန်တော့အတွက်လည်းပူပင်စရာလေးတွေဖြစ်လာခြင်းဖြစ်လာလိမ့်မည်။ အေးအတူ ပူအမျှဖြစ်လိမ့်မည်ထင်ပါသည်။

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Where stories live. Discover now