*ရိပေါ်လေးပဲ မိုက်တယ်။ သွက်လက်နေတာပဲ အမြဲတမ်း*

*ကလေးက နင့်လို အရက်သမားမှ မဟုတ်တာ*

ယန်ကောနှင့် ရှန်းကျဲက ရန်ဖြစ်နေကြပြန်သည်။ ယန်ကောသည် ကျဲကို ချစ်ရဲ့နဲ့ အမြဲ လိုက်စသည်။ ဟိုက မခံချင်လို့ ရိုက်လျှင်လဲ အမြဲ ရယ်ပြီးသာ ဘာမှမပြော။

*ညက ဘော့စ်နဲ့ပါလာတဲ့ ကောင်လေးက အရမ်းသွက်တယ်နော်။ ဘော့စ်နဲ့ ဘာဘာညာညာတွေ ထင်တယ်*

ရှန်းရှန်းကျဲနောက်က အမတစ်ယောက်ကပါ စကားဝိုင်းထဲ ဝင်လာကာ ညကအကြောင်း ပြန်ပြောလာသည်။ ရိပေါ် mouseပေါ်က လက်တွေ ခနရပ်တန့်သွားကာ ခနနေမှခေါင်းကို ခါလိုက်၏။

*ဘော့စ်ဟာလေးမလို့ပေါ့ဟဲ့။ ဘော့စ်ကို ဖက်လိုက်၊ လက်ကိုင်လိုက် လုပ်နေတာ။ ဘော့စ် မျက်နှာကိုလဲ ကြည့်အုံးလေ။ သူ့ကောင်လေး မျက်နှာ တစ်ကမ္ဘာပဲ စောက်ရမ်းချစ်တတ်တာဟာ*

ရိပေါ် လက်တွေတုန်လာသည်။ လေးနှစ်ကြားပြီးသည်အထိ သူ့အပေါ်မှာ ရှိနေသည့် ရိပေါ်၏ ဒီခံစားချက်က မပြောင်းလဲသေး။

ညက ရိပေါ်လဲ မြင်သည်ပဲ။ သူ့ကောင်လေးသောက်ဖို့ ဝိုင်ထည့်ပေးမည် ပြင်တော့ ရိပေါ်ကို ခပ်တင်းတင်း ငေါက်ခဲ့တာကို။

*အဲ့ကောင်လေးကလဲ ဘောစိတဲ့နော်။ ငါတော့ ကြားတာပဲ။ ဘယ်လိုပဲ နေနေ ဘော့စ်နဲ့အရမ်းလိုက်တယ်ဟာ*

မကြားချင်ပဲ ကြားနေရသည့် စကားတွေကို ရိပေါ် မုန်းတီးစွာ နားထောင်နေရသည်။ စွန့်လွှတ်ပြီးသား လူတစ်ယောက်ကို ရိပေါ် လောဘတက်မိနေတာပဲ။

သူ့ခေါင်းသူ အသာပြန်ထုကာ ခေါင်းကို မျက်နှာကျတ်ဆီ မော့လိုက်သည်။ ကျချင်လာသည့် မျက်ရည်တွေကို တားဆီးလိုက်ခြင်းပင်။

*ဘော့စ်ကောင်လေးက အရမ်းသဘောကောင်းတာပဲ။ မာနလဲ မကြီးဘူးနော်။ အရမ်းခင်တတ်တယ်။ စိတ်ထားလေးလဲ အရမ်းကောင်းတယ်*

ရိပေါ် ဆက်မကြားချင်တော့၍ toiletဘက်ကိုသာ ထွက်လာခဲ့၏။ ရိပေါ် သူ့ကို ဘယ်သူမှ မသိအောင် ချစ်မည်ဟု ဆုံးဖြတ်ထားလဲ သူနဲ့အခြားတစ်ယောက်အကြောင်း ကြားလိုက်ရရင် ဝမ်ရိပေါ် မဟုတ်တော့ သလိုကို ခံစားရသည်။

For..Where stories live. Discover now