*မင်း အိမ်အကူ ငါလုပ်နိုင်ဘူး..မင်း ပြောချင်တာ ဒါပဲမလား။ ငါ့လက်ကို လွှတ်ပေးပါတော့ ရှောင်းကျန့်*

ဝမ်းနည်းမှုကြောင့် ရိပေါ် အသံက တုန်ယင်နေသည်။ အရင်က ရိပေါ် မျက်နှာတစ်ချက် မညှိုးအောင် ထားခဲ့သူသည် အခုများတော့ ရိပေါ်ကို မျက်ရည်ကျအောင် ဖန်တီးနေလေပြီ။

ရိပေါ် သူ့ကို စိတ်ဆိုးချင်ပေမယ့် မဆိုးရက်။ ဒီလမ်းသည် ရိပေါ် ရွေးချယ်ခဲ့သည့် လမ်းပဲ။ သူအခုလို ရိပေါ်အပေါ် မုန်းတီးသွားအောင် ရိပေါ်ပဲ လုပ်ခဲ့တာပဲ။

*ငါ့ကို လွှတ်ပေးပါတော့*

ထပ်ပြီး ငိုမလို တောင်းပန်လာသည့် ရိပေါ်ကြောင့် ရှောင်းကျန့် သူ ဆုပ်ကိုင်ထားသည့် လက်လေးကို လွှတ်ပေးလိုက်သည်။ ငိုအောင် လုပ်ပေမယ့် အခုလို မျက်ရည်တွေနဲ့ ရိပေါ်၏ မျက်နှာကို မြင်ရတော့လဲ ရှောင်းကျန့် မလုပ်ရက်ပြန်။

*အား..မင်း ဘာဖြစ်နေတာလဲ။ မင်း ဘာဖြစ်နေတာလဲ ရှောင်းကျန့် ဟမ်.! သူက မင်းကို နှိမ်ပြီးရစရာမရှိအောင် လုပ်ခဲ့တဲ့ ကောင်ကွ*

စတီယာရင်ကို တဒုန်းဒုန်းထုကာ စိတ်တိုနေသလို ရိပေါ်သည် တိုက်ခန်းက လှေခါးပေါ်တွင် ဆက်ပြီးအပေါ်ကို တက်နိုင်စွမ်းပင် မရှိတော့ပဲ ထိုနေရာတွင် ထိုင်ကာ ငိုနေလေသည်။
______________________

ညက အတော်သောက်စားထား၍ အလုပ်လာသည့် ဌာနက လူတွေအားလုံး မျက်နှာတွေမှာ မှုန်ကုပ်နေလေသည်။ အချို့က အိပ်ရေးမဝသလို ပုံစံတွေ ဖြစ်နေကာ မျက်လုံးတွေလဲ ရဲနေလေသည်။

*ရှန်းရှန်း..နင့်မျက်နှာလဲ ပြန်ကြည့်အုံး အိပ်ရေးမဝသလိုနဲ့*

ကော်ဖီယူလာသည့် ယန်ကောက ရှန်းကျဲရှေ့တွင်လဲ တစ်ခွက်ချပေးလိုက်သည်။ ထိုအခါမှပင် မျက်လုံးပြူးကာ ယန်ကောကို ကြည့်လာပြီး

*အိပ်ရေးက တကယ်မဝတာလေ အကောင်ရဲ့*

ယန်ကော ယူလာပေးသည့် ကော်ဖီကို ဇိမ်ခံသောက်ကာ ရိပေါ် ဘက်ကိုလဲ ကြည့်လာသေးသည်။ ရိပေါ် စာရင်းချုပ်စရာတွေ ရှိသေးသည့်အတွတ် ရှန်းကျဲနှင့် စကားမပြောနိုင်သေး။

For..Where stories live. Discover now