မေဂျာမတူသလို အဆောင်လည်းမတူ။ သူဟာ တက္ကသိုလ်ရဲ့ညာဖက်အဆောင်မှာဆို အညိုရောင်လေးရဲ့အဆောင်ဟာ ဘယ်ဘက်မှာရှိသည်။ သူဒီဘက်ကိုလာခဲ့ရတာလဲ?

မိုးတွေရွာနေသည်။ အိတ်ထဲဆောင်ထားနေကြခေါက်ထီးလေးကိုဖွင့်ကာ စာသင်ဆောင်ဆီမှထွက်လာခဲ့သည်။ စီးပွားရေးပညာရပ်ဟာ သင်ပြီးတိုင်းခေါင်းခြောက်ရတဲ့အချိန်လေးတွေရှိသည်။ ဒီလိုချိန်ဆို အသက်ဝဝရှူလိုက်ရင်အဆင်ပြေသွားမှာမလား စာမလုပ်တော့ပဲ အပြင်ကိုငေးနေလိုက်ရင်အဆင်ပြေသွားမလား မိုးစက်တွေကိုလက်နဲ့ခံယူလိုက်ရင်ပဲအေးချမ်းသွားမလားလို့စဥ်းစားနေခဲ့သော်လည်း ဘာတစ်ခုမှမဟုတ်ခဲ့ပါ။

အဖြေသည် အလင်းရောင်တန်းတွေဆီသွားချင်နေတာဖြစ်တာမို့ ခြေလှမ်းတို့သည် တက္ကသိုလ်ဝန်းလေးထဲ ထွက်ပေါက်နဲ့ဆန့်ကျင်ရာ အနုပညာဆောင်ဘက်ဆီထွက်လာလိုက်သည်။ ရှိပါအုံးမလား?

အဆောင်အမိုးအောက်လေး ဆောင့်ကြောင့်ထိုင်ကာ စိတ်ညစ်နေသောမျက်နှာလေးသည် သူမြင်ရတာအဆင်မပြေလှပါလေ။

"အစ်ကိုဟိုဆော့"

မော့ကြည့်လာသောမျက်နှာလေးသည်အံ့သြနေကာ စက္ကန့်မျှသိပ်မကြာ ပါးချိုင့်တို့ပေါ်အောင်ပြုံးပြလာတော့သည်။ ဒါပဲ ဒီအပြုံးကိုမြင်ရင်စိတ်များပေါ့သွားမလားလို့ ဒီစာသင်ဆောင်ဆီလျှောက်လာခဲ့တာ။ တကယ်မှန်သွားတာပဲ

ကျွန်တော်ဟာ နေရောင်ခြည်လေးရဲ့အပြုံးအား ဘိန်းဆိုတဲ့မူးယစ်ဆေးလေးထပ် အများကြီးစွဲလမ်းခဲ့ရပါသေးသည်။

"ဒီဘက်ကို ဘာလာလုပ်တာလဲ? ကိစ္စရှိလို့လား"

"ကိစ္စရှိမှလာရမှာလားဗျ ဒီတိုင်းမိုးရွာနေလို့အိမ်မပြန်ချင်သေးတာနဲ့ တက္ကသိုလ်ဝန်းထဲပတ်နေတာ"

အမှန်တိုင်းပြောလို့ရတဲ့ ကိစ္စရပ်လေးတစ်ခု။ အစ်ကိုရှိသေးလားလို့ လာကြည့်ရုံပါလို့ရိုးရိုးလေးပြောလိုက်ရင်တောင်ရတာကို လူလိမ်လေးလို လိမ်မိလိုက်ပါသေးသည်။

"​အစ်ကိုထီးမပါဘူးလား အတူတူပြန်မယ်လေ လိုက်ပို့ပေးမယ်"

အစ်ကိုသည်ခေါင်းလေးမော့ကြည့်လာရင်းခေါင်းညိမ့်ပြသည်။ လက်ကမ်းလိုက်တော့ လက်ကိုကိုင်ဆွဲရင်း ထလာတော့သည်။ ခေါက်ထီးလေးသည် တစ်ယောက်စာကိုတောင် မလုံပေးနိုင်တာ နှစ်ယောက်အတူတူ ဖက်မတက်ဆောင်းလာခဲ့ရတဲ့ ထီးလေးအောက် ကျွန်တော်တို့ဟာ ခေါက်ထီးလေးအောက်မလုံ့တလုံရယ်သာ။

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Where stories live. Discover now