အခန်း (၇၃)

Magsimula sa umpisa
                                    

"အာ...ဖုံ့လန်သေတာက ဒီကောလာဟလနဲ့ ဘာဆိုင်လို့လဲ" ဒုတိယလူက ​မေးလိုက်သည်။

"မင်း ငတုံးပဲ... စဥ်းစားကြည့်လေ ဖုံ့လန်လို ကျန်းကျန်းမာမာလူတစ်ယောက်က အသက်ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ် သေသွားရတာလဲ" ပထမလူက ပြောလိုက်၏။

"ငါ သိပြီ... မင်း ပြောချင်တာက-" ဒုတိယလူက ပြောလိုက်၏။

"အဲ့ဒါ လျှို့ဝှက်ချက်" ပထမလူက ပြောလိုက်၏။ "မင်း လျှို့ဝှက်ချက်ကို ထုတ်ပြောလို့မရဘူး"

အနှီလူနှစ်ယောက်သည် လေးဘက်လေးလံကို ကြည့်လိုက်ကြ၏။ လူရှုပ်ကာ စည်ကားနေသော စားသောက်ဆိုင်ထဲရှိ လူအားလုံးက သူတို့စကားဝိုင်းကို ခိုးနားထောင်နေကြလေသည်။

ထိုလူနှစ်ယောက်သည် စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့ကြပြီး ဝေးလံလှသော လမ်းကြိုလမ်းကြားအရောက်တွင် ရုပ်ဖျက်ထားသည်များကို ဖယ်လိုက်ကြသည်။ သူတို့၏ မူလရုပ်များဖြစ်သော ရှောင်ဟွေးနှင့် ရှောင်ကျိုက် ပြန်ဖြစ်သွားတော့သည်။

ရှောင်ဟွေးနှင့် ရှောင်ကျိုက်တို့၏ လျှို့ဝှက်စကားဝိုင်းက ရက်အနည်းငယ်အတွင်းမှာပဲ နန်းမြို့တော်တစ်ခွင် ပျံ့နှံ့သွားသည်။

နန်းမြို့တော်ရှိ လူတိုင်းက မျိုးမစစ်လေးအကြောင်း အမှန်တရားကို အကုန်သိနေကြတာ ဖေ့ကျန်းကြားရတော့ အမျက်ခြောင်းခြောင်းထွက်တော့သည်။ ဖေ့ကျန်း သူ့ဒေါသတို့ကို တျန်းသီပေါ် ပုံချကာ ရိုက်နှက်ပြီး သူ့အိမ်တော်ရှိ လူတိုင်းကို ခြံဝင်းအတွင်း စုရန် ဆင့်ခေါ်လိုက်သည်။ အိမ်တော်အတွင်းရှိ တစ်ယောက်ယောက်က သူ့ကို သစ္စာဖောက်ပြီမှန်း သူ သိလိုက်သည်။ အိမ်တော်ထဲရှိ လူများက သူတို့ သူ့ကို သစ္စာမဖောက်ကြောင်း ငြင်းဆန်ကြကာ တစ်ယောက်နှင့် တစ်ယောက် အပြစ်တင်လာကြသည်။

ဖေ့ကျန်းက ကောလာဟလအကြောင်း အထိတ်ထိတ်အပျာအပျာဖြင့် စစ်ဆေးပြီးနောက် သူ ဖေ့ကျင်း၏ ထောင်ချောက်ထဲ ကျသွားပြီမှန်း နားလည်လိုက်သည်။ မကြာခင် ခမည်းတော်က အမှန်တရားကို ရှာတွေ့တော့မည်။

ဖေ့ကျင်းအိမ်တော်တွင် ဖေ့ကျင်းဆိုတဲ့မြေခွေးကောင်က တစ်ကယ်ကို အထင်ကြီးစရာကောင်းသည်ဟု ရန်ရှီးနဥ် တွေးနေမိသည်။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Tahanan ng mga kuwento. Tumuklas ngayon