အခန်း (၇၃)

Start from the beginning
                                    

"ဘာလို့ ဒီလောက် တည်ငြိမ်နေတာလဲ" ပေ့သိုက မေးလိုက်သည်။ "မင်းဇနီးနဲ့ ငါ့ဇနီးကို အိမ်တော်ကို ပြန်မလာစေချင်တော့ဘူးလား"

"နောက်သုံးရက်ပဲ စောင့်" ဖေ့ကျင်းက ပြောလိုက်၏။

ပေ့သိုက ဖေ့ကျင်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ နောက်သုံးရက်ဆို သူတို့ ရွှမ်ချင်းကို ရောက်နေလောက်ပြီ။ သူ ဖေ့ကျင်းနှင့်အတူ ဒုက္ခခံရမှာကို မုန်းလှသည်။ 

သုံးရက်ကြာပြီးနောက် ဖေ့ကျင်းနှင့် ပေ့သိုတို့သည် ရွှမ်ချင်းကို ရောက်လာခဲ့ကြသည်။ သူတို့ဇနီးများက နန်းတော်ထဲတွင် ဓားစာခံအဖြစ် နေရစဥ် နန်းမြို့တော်အဝေးရောက်နေရခြင်းကို ဖေ့ကျင်းတစ်ယောက် စိုးရိမ်သောကရောက်မနေခြင်းအပေါ် ပေ့သို မ​ေကျမနပ်ဖြစ်မိသည်။

"နောက်ဆယ်ရက်လောက် စောင့်လိုက်ဦး" ဖေ့ကျင်းက ပြောလိုက်သည်။ "ငါတို့ဇနီးတွေနဲ့ ပြန်ဆုံဆည်းပြီး  အိမ်ပြန်ရလိမ့်မယ်"

နန်းမြို့တော်ရှိ လူရှုပ်သော စားသောက်ဆိုင်တွင် အမျိုးသားနှစ်ယောက်သည် ဖေ့ကျန်းအကြောင်း အတင်းတုပ်နေကြလေသည်။

"မင်းသား(၇) ဦးထုပ်စိမ်းဆောင်းခံရတဲ့အကြောင်း မင်း ကြားပြီးပြီလား" ပထမတစ်ယောက်က ပြောလိုက်၏။

"ဒီကောလာဟလက အမှန်လို့ မင်း ဘယ်လိုသိလဲ" ဒုတိယတစ်ယောက်က ​မေးလိုက်၏။

"ငါ ဘယ်လိုရှာတွေ့ခဲ့လဲ ပြောပြမယ်၊ ဒါပေမယ့် မင်း တစ်ခြားလူကို ပြန်မပြောပါဘူးလို့ ကတိပေးရမယ်" ပထမလူက ပြောလိုက်၏။ "မင်းသား(၇)ရဲ့ ဒုတိယဇနီးရဲ့ သေသွားတဲ့သားက သူ့သွေးသား မဟုတ်ဘူးတဲ့"

"တကယ်လား" ဒုတိယလူက ​မေးလိုက်၏။

"တကယ်ပေါ့" ပထမလူက ပြောလိုက်၏။ "ငါ့မှာ မင်းသား(၇)အိမ်တော်မှာ အလုပ်လုပ်တဲ့ အရမ်းရင်းနှီးတဲ့အသိတစ်ယောက်ရှိတယ်"

"ငါသိပြီ... ဒါပေမယ့် ဘယ်သူကများ မင်းသား(၇)ရဲ့ မိန်းမနဲ့ အိပ်ရဲတာလဲ" ဒုတိယလူက မေးလိုက်သည်။

"မင်းသား(၇) ယုံကြည်ရတဲ့ သက်တော်စောင့် ဖုံ့လန် ထူးထူးဆန်းဆန်း သေသွားတာကို မင်း မကြားမိဘူးလား" ပထမလူက မေးလိုက်၏။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now