လုမျန်ကရုတ်တရက်ရပ်လိုက်ပီး
"မင်းကအခု မြို့တော်စစ်တပ်ရဲ့အကြီးအကဲဖြစ်နေပီ။
ငါ့ဆီအဲ့ဒါတွေအစီအရင်ခံစာမလိုတော့ဘူး"
လုမျန်က သူ့နောက်က တပ်ရေးအားပြောလိုက်သည်
"ကားသွားယူ ပီးရင်နန်းတော်ကိုသွားမယ်"

အင်ပါယာရဲ့ဧက္ကရာဇ် အရှင်ကသူ့ကိုစောင့်နေသည်လေ။

နန်းတော်မှပြန်ထွက်လာပီးနောက်

လုမျန်ရဲ့လက်ထောက် အိုင်းရစ်ကအလျင်လိုနေတဲ့အသံနဲ့
"ဗိုလ်ချုပ် အခုစစ်ဌာနကိုပြန်သွားမို့လား"
လုမျန်ကခေါင်းခါလိုက်ပီး
"အခုမြို့တော်စစ်တပ်ရဲ့လုပ်ပိုင်ခွင့်အားလုံးကို  ဗိုလ်မှူးကျုံးကိုပေးလိုက်ပီ၊ပီးတော့..."
လုမျန်က စကားကိုခဏရပ်လိုက်ပီး
"ငါယာယီနှုတ်ထွက်တော့မယ်၊ဗိုလ်ချုပ်လို့ခေါ်စရာမလိုတော့ဘူး"

အိုင်းရစ်ကအံ့သြသွားပီး
"နှုတ်ထွက်လိုက်တာလား ဗိုလ်ချုပ်။
အဲ့ဒါ အရှင်ဧက္ကရာဇ်ဆိုလိုတဲ့ရည်ရွယ်ချက်လား"
ဓားတချောင်းလို ထက်ရှတဲ့လုမျန်ရဲ့မျက်နှာကတချက်လေးတောင် မပျက်ယွင်းသွားပါ။
သူ့ကြည့်ရတာ ထိုသို့ဖြစ်သွားတာကိုပင် ဘာမှခံစားရပုံမပေါ်ပေ။

လုမျန်က၁၅နှစ်လုံးလုံးစစ်ပွဲတွေထဲမှာပဲ အချိန်ကုန်ဆုံးခဲ့ပီး ခိုတာဗိုစစ်ပွဲမှာသူ့ရဲ့စိတ်စွမ်းအားပြင်းပြင်းထန်ထန်ထိခိုက်မိခဲ့သည်။
အတော်ဆုံးဆရာ၀န်တွေလည်း ပျောက်ကင်းအောင်ကုရန်မတတ်နိုင်ခဲ့ပါ။
အဲ့တော့ လုမျန်ဟာ၅နှစ်လုံးလုံး ပုကျောင်းကြယ်ဂြိုဟ်မှာ ပြန်အားယူပီးလေ့ကျင့်နေခဲ့သည်။
မကြာမီ သူ့ဖခင်၏အသက်၇၀ပြည့်မွေးနေ့လည်းရောက်လာတော့မှာဖြစ်ပီး
ဒီအတောအတွင်းပြန်လေ့ကျင့်အားထုတ်မှုကြောင့် လုမျန်ရဲ့စိတ်စွမ်းအင်ကလည်းတည်ငြိမ်နေပီဖြစ်၍ စတားမြို့တော်ကိုပြန်လာခြင်းပင်။

နောက်ဆုံးစစ်ပွဲအပီးတွင် အင်ပါယာအရှင်က အခြားနိုင်ငံများနှင့်အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့ပီး လက်ရှိမှာအင်ပါယာက အေးချမ်းနေခဲ့သည်။
အင်ပါယာအရှင်ကလည်း သူ့ကိုယာယီနှုတ်ထွက်စေချင်ခဲ့ပီး အခြားအလုပ်စီစဥ်ပေးခဲ့သည်။
ကျုံးရွှယ်ယင်းက သူ့နားပြေးလာပီး
"ဗိုလ်ချုပ်..."

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now