ဟိုပြေးဒီလွှားကာလူတိုင်းအားဓာတ်ပုံပြရင်းမေးနေငည့်သားဖြစ်သူကို သွားခေါ်ဖို့ဉာဏ်ကို မျက်ရိပ်ပြလိုက်သည်..။

မနက်ကတည်းက Hotel ကနေပျောက်သွားလို့ လိုက်ရှာလိုက်ရတာအမော...။စျေးနားက လူအုပ်တွေကြားထဲမှာအရူးတစ်ယောက်လိုပြေးလွှားနေတာမြင်တော့ရင်နာနာနဲ့သာကြည့်နေရသည့်အဖြစ်။

"Boss သခင်ကြီး လာခေါ်နေပြီ"

"ဟင်..ဉာဏ်..ပုသေးဖောင်းလေးကို တွေ့ပြီလား..ကလေးနေကောင်းရဲ့လားဟင်...ကလေးဒဏ်ရာတွေရသေးလား.."

ဉာဏ် သခင်ဖြစ်သူကို ကြည့်ရင်း မျက်ရည်တွေကျနေမိသည်..။

အသူလေးကို အမြန်တွေ့မှ ဖြစ်တော့မည်..။မဟုတ်ရင်းသခင့်အခြေအနေက ရူးသွားနိုင်၏..။

သက်ပြင်းအသာချကာဉာဏ် သခင်ကြီးကို လှမ်းကြည့်တော့ ခေါင်းငြိမ့်ပြသည်မို့ သခင့်ကိုစိတ်ထဲတိုင်တည်ကာ တောင်းပန်လိုက်ပြီး လည်ပင်းက မေ့ကြောကိုတစ်ချက်ရိုက်ကာ ကုန်းပိုးခေါ်လာလိုက်သည်..။

Hotel ကို ခေါ်လာလိုက်ပြီး ဆရာဝန်တစ်ယောက်အားခေါ်ပေးဖို့ Hotel ဝန်ထမ်းအားအကူအညီတောင်းလိုက်၏..။

ဆေးရှိန်နှင့်နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသောသားဖြစ်သူကို ဦးအာဏာလွှမ်း တစိမ့်စိမ့်ထိုင်ကြည့်ရင်းတောင်းပန်နေမိသည်..။

ဒယ်ဒီ ညံ့လို့ပါသားရယ်..။တောင်းပန်ပါတယ်ကွာ...။

အသူလေးမေမေကို ရင်ခွဲစစ်ကြည့်တော့ စားထားတဲ့အစာထဲမှာဆေးတစ်မျိူးရောနယ်ကာကျွေးထားသည်ကို တွေ့ရသည်..။

ထို့အပြင် Accidentဖြင့်သေတာမဟုတ်ပဲ ခါးစပ်နှင့်ရင်ညွန့်နေရာဆီ ထိုးသွင်းထားသောဓားဒဏ်ရာကြောင့် သေဆုံးရခြင်းသာဖြစ်၏..။

လူသတ်မှူကျူးလွန်တာပဲဖြစ်လေသည်..။

လူသတ်သမား၏လက်ရဲဇာတ်ရဲအခြေအနေကိုသိရတော့အသူလေးတစ်ယောက်တော့အသက်ရှင်နေဖို့သာဆုတောင်းရတော့သည်..။
.........
အသူ ဒီအိမ်ကြီးထဲမှာ ပိတ်မိနေတာ လချီကြာနေပြီ..။

ကိုကြီးလည်းစိတ်ပူနေရော့မည်...။

မေမေရော ကောင်းကောင်းမွန်မွန်ဘဝကူးရရဲ့လားမသိ..။

လမိုက်လွှမ်းညပိုင်တဲ့ပုသေးဖောင်းလေး (M Preg)(Completed)Where stories live. Discover now