အပိုင်း(၁၅)

Start from the beginning
                                    

" ရပ်လိုက်တော့ လွန်း မင်းမရပ်ရင် မောင် မင်းနှုတ်ခမ်းတွေ စုတ်ပြတ်သတ်တဲ့အထိနမ်းမှာနော် "

" လီးကို လာနမ်း လမြတ်ဝါဆို ဖယ်စမ်း "

လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ဘယ်လောက်နာကျင်ခဲ့ရလဲ လွန်းအသိဆုံး။ ပူတင်းဘူးလေးကိုင်ပြီး သူ့အိမ်ရှေ့သွားရပ်နေခဲ့တာ ပြန်လာမယ်ထင်ပြီးလည်း  နေ့တိုင်း စောင့်နေခဲ့ရတာ။

လွန်း ပြောဖူးတာ ဒီကောင် မှတ်မထားဖူး လွန်းမှာ ဘေးဘေနဲ့ သူပဲ ရှိတာပါလို့လေ။ အရာအားလုံးထက်ပိုပြီး လွန်း ဒီကောင့်ကို ဦးစားပေးခဲ့တာ ။

သူကတော့ နှုတ်တက်စကားလေး တစ်ခွန်းတောင် ပြောမသွားဘူး ။

" အင်း အဲ့နေရာလည်း နမ်းမယ် နှုတ်ခမ်းလေးတွေကိုလည်း နမ်းမယ် လွန်း မောင်ပြောပြတာနားထောင်ဦးနော် "

" ဆယ်နှစ် "

" ဟင် လွန်း "

" မင်းငါ့ကို ထားခဲ့တာ ဆယ်ရက်မဟုတ်ဘူး ဆယ်လ မဟုတ်ဘူး ဆယ်နှစ် ကွ လမြတ်ဝါဆို ဒီနှစ်တွေ အတွင်းမှာ ငါဘယ်လို နေထိုင်ခဲ့ရလဲ မင်းသိမှာ မဟုတ်ဘူး မင်းထွက်သွားမယ်ဆိုရင်လည်း အနည်းဆုံး ငါ့ကို နှုတ်ဆက်စကား​လေးပြော သွားသင့်တယ် မဟုတ်လား လမြတ်ဝါဆို "

လွန်း စကား ပြောနေရင်း ရှိုက်သံပါမလာအောင် မနည်း ကြိုးစားပြောနေရသည်။

" နှုတ်ဆက်စကားပြောတယ်ဆိုတာ ဘယ်တော့မှ ပြန်မတွေ့ကြတော့မယ် လူတွေအတွက်လွန်းရဲ့ လွန်းကို မောင်ဘာလို့ နှုတ်ဆက်စကား မပြောခဲ့တာလည်း ဆိုတော့ 
မောင်တို့က ပြန်တွေ့ကြမယ့် သူတွေမို့လို့ပဲ လွန်း "

" ဘယ်တော့မှ ပြန်မတွေ့ ဖြစ်ကြရင်ရော လမြတ်ဝါဆို "

" ဟင့်အင်း လွန်း ဘယ်နေရာ ဘယ်အရပ်ဒေသမှာ ဖြစ်ဖြစ် လွန်းသာရှိနေရင် လွန်းရှိတဲ့နေရာမောင်အရောက်လာမှာ သူများတွေ အတွက် ဘယ်တော့မှ ဆိုတာ ရှိပေမယ့် လမြတ်ဝါဆို အတွက် ဘယ်တော့မှ ဆိုတာ မရှိဘူး လွန်းအတွက်ဆိုရင် မောင် ဘာပဲလုပ်ရလုပ်ရ လုပ်ပြစ်မှာ "

Iris တစ်ကယ်ကို နောင်တရမိတယ် သူ့ကို မာမီတို့ France သွားဖို့ ခေါ်တာ သူငြင်းပြစ်ခဲ့ရမှာ။ လွန်းဘေးနားမှာပဲ သူကပ်တွယ်ပြီး နေခဲ့ရမှာ။

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now