အပိုင်း (၃၀)

Ξεκινήστε από την αρχή
                                    

"ဝါးးး.....ဒါ ဒါတွေက"

အစီအရီစိုက်ပျိုးထားတဲ့ လာဗင်ဒါပန်းတွေက မျက်စိတဆုံးကို နေရာယူထားသည်။ လေညှင်းက ဆော့ကစားလိုက်တဲ့ အချိန်မှာ ယိမ်းနွဲ့ လှုပ်ခတ်သွားတဲ့ ထိုအပင်တို့ရဲ့ ရနံ့ဟာ နွမ်းလျမှုတွေကို ဖယ်ရှားပေးသည်။

"အကွေး သဘောကျရဲ့လား"

"အင်း...မိုက်လိုက်တာ၊ငါတော့ ရေချိုးဆပ်ပြာထုတ်ရမယ်"
ကျောင်းတတ်တုန်းက ဆောင်းပြောခဲ့ဖူးတဲ့ နင်ပဲ ရေချိုးဆပ်ပြာထုတ်လိုက်ပေါ့ ဆိုတဲ့အပြော၊ လာဗင်ဒါရနံ့နဲ့ ဆပ်ပြာကို အကွေး သတိရသွားသည်။

"ငါတော့ လာဗင်ဒါတွေရှိတဲ့ အရပ်ကို ရောက်နေပြီ ဆောင်းရေ"

မျက်စိရှေ့မှာ ရှိနေတဲ့ လာဗင်ဒါတွေရဲ့ အလှတရားမှာ အကွေးရဲ့ ပုလဲဥတစ်လုံး ခကြွေခဲ့ရသည်က ဆောင်းကိုလွမ်းလို့။ နှစ်နဲ့ချီပြီး အဆက်အသွယ်မလုပ်တဲ့ ဆောင်းကို အရမ်းလွမ်းသည်။ တိုက်ဆိုင်မှုတွေရှိလာတိုင်း သူမဘက်မှာအမြဲရှိပေခဲ့တဲ့ ဆောင်းကို သတိတရနဲ့ လွမ်းဆွတ်တမ်းတရသည်။

"ဘာဖြစ်လို့လဲ အကွေး"

"ဘာမှမဖြစ်ပါဘူး ကောင်းရဲ့၊ လာဗင်ဒါအပင်တွေကို အရှင်လတ်လတ်ကြီး မြင်လိုက်ရတော့ ဆောင်းကို သတိရသွားတာ။ သူနေတဲ့နေရာမှာရော ဒီအပင်တွေရှိနိုင်မလားဟင် ကောင်း။ ဒီအပင်တွေကို မြင်ရင် သူငါ့ကိုရော သတိရပါ့မလား။ ငါ့ကို သူဘာလို့မဆက်သွယ်တာလဲ မသိဘူးကောင်းရယ်"

ကျွန်တော့် အကွေးဟာ လွှမ်းမိုးမှုတွေသိပ်များတဲ့ အဖြူထည်လေး။ သူမဟာ အကြောင်းအရာတော်တော်များကို သိမ်းဆည်းထားတတ်ပြီး အမြဲတမ်း သတိတရနဲ့ဖြစ်နေခဲ့သည်။ ဗလတောင့်တောင့်နဲ့ သူတွေကိုမြင်ရင် သူမလေး အကိုမိုးဟိန်းကို သတိရနေတော့မှာ။ တောင်တန်းတွေကိုမြင်ရင်လည်း အကိုမြတ်ဘုန်းကို သူမလွမ်းနေလိမ့်မည်။

သမီးကြီးကို ကြည့်ရင်း သန္တာလွင်လေးကို သတိရသွားပြီး အမသန္တာနဲ့ အကိုသက်လွင်ကိုပါ တမ်းတတော့မည်။ချွေးနံ့လေးရရင်တောင်မှ သူမအဖေအကြောင်းကို သတိတရနဲ့ ပြောတတ်တဲ့ ကျွန်တော့်လခြမ်းကွေးကို ကျွန်တော်က သူမကိုလွှမ်းမိုးထားတဲ့ သူမရဲ့တွယ်တာရာတွေဆီမှ ခွဲထုတ်လာခဲ့ပြီ။

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Όπου ζουν οι ιστορίες. Ανακάλυψε τώρα