Healing Love (31)

Start from the beginning
                                    

" ပြန်လိုချင်တယ် အမေ "

" သမီး ~~ "

" Chanyeol ကို ပြန်လိုချင်တယ် "

" ဟင်း~~~~"

" ဆေးရုံရောက်ရင် နှိုးပါ "

ဆိုကာ ဆက်မပြောဘဲ ငြိမ်သွား၏။
သမီးကို ကြည့်ပြီး တကယ် စိတ်ပင်ပန်းရသည်။
Chanyeol အဖေ လာညှိနှိုင်းတုန်းကလည်း ထွက်မတွေ့ခဲ့။ တစ်ချိန်လုံး Chanyeol ကို ပြန်လိုချင်တယ်သာ ပြောနေရှာသည်။

' မဖြစ်နိုင်တော့ဘူးဆိုတာကို ငါ့သမီး တစ်နေ့ လက်ခံနိုင်ပါစေကွယ် '

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

တရားသူကြီး ဖြစ်သွားတော့ Chanyeol က ရုံးချုပ်မှာကိုပဲ ရုံးခန်းတစ်ခန်းသက်သက်ရ၏။ Chanyeol တို့ ဥပဒေရုံးက ဂယောင်းဂီဒိုပြည်နယ်ရဲ့ ပင်မရုံးချုပ်ဖြစ်ပြီး မြို့နယ်အတွင်း အမှုတွေကတော့  Chanyeol တစ်ယောက်တည်းပဲ စီရင်ချက်ချရသည်။ တိုင်းနှင့် ပြည်နယ်အဆင့်အထိ တက်တဲ့ အမှုမှသာ တရားသူကြီး ၃ ပါး တပြိုင်နက် စီရင်ချက်ချတဲ့ စည်းမျဥ်းဖြစ်သည်။

ဒီနေ့ ပထမဆုံးအနေနဲ့  အမှုနာကြားဖို့ ရှိတာမို့ တရားရုံးကို ရောက်လာ၏။ ကောင်လေးက ဒီနေ့ ပထမနှစ်အတွက် စာမေးပွဲရှိလို့ ကျောင်းသွားရသည်လေ၊ မနက်ကပဲ ကိုယ် ဝင်ပို့ပေးခဲ့သည်။ တရားခွင် တက်ရတော့မှာမို့ စာပဲ ပို့ထားလိုက်ကာ ဖုန်းကို silent လုပ်ရ၏။ ထို့နောက် ယူနီဖောင်း သေချာပြင်ဝတ်ကာ တရားခွင်ပေါ် တက်လာခဲ့သည်။

ဒီထိုင်ခုံမှာ ထိုင်ရဖို့ ၃ နှစ်ကျော် ကြိုးစားခဲ့ရသည်။ စိတ်ရော လူပါ ပင်ပန်းခဲ့ရပြီး စိတ်ဓါတ်တွေလည်း အောက်ဆုံးထိ ကျခဲ့ရ၏။ ကောင်လေးသာ မရှိရင် ... ကောင်လေးသာ သူ့ဘဝထဲ ဝင်မလာခဲ့ရင် သူဟာ အခုထိ အမှောင်ထဲမှာ စမ်းတဝါးဝါးနဲ့ လမ်းမှားကို လျှောက်နေမိဦးမှာပဲ။

' အဲ့ဒီဘက်မှာ ဘာမှရှိမှာ မဟုတ်ဘူး အစ်ကို ... ဒီဘက်​ကို ကွေ့မှ အစ်ကို လိုအပ်နေတဲ့ နေရာရောက်မှာ ' ဆိုပြီး သူ့ဘက်ပါအောင် ဆွဲခေါ်လာတဲ့ ကောင်လေးကို ကိုယ်က တရားဝင်တွဲခွင့်ရချင်ပြီ။

အမှုစစ်နဲ့ ရှေ့နေတို့ရဲ့ အပြန်အလှန် ချေပမှုတွေကို နားထောင်နေတုန်း တံခါးပေါက်ကနေ ခပ်​ကုတ်ကုတ် ဝင်လာတဲ့ကောင်လေး၊ စာမေးပွဲဖြေပြီးလို့ ကိုယ့်ဆီ တန်းဝင်လာပုံရသည်။ ကျစ် ! ဗိုက်ဆာနေမှဖြင့်။

Healing LoveWhere stories live. Discover now