အချစ်ရေးဟာ ယုံကြည်စရာမကောင်းအောင် လူတွေဟာချစ်ချင်စရာမကောင်းအောင် သူကြုံရတဲ့မိသားစုရေးရာမျက်မြင်သက်သေပဲလေ။မိခင်ဟာ အချစ်တွေပိုလျှံလို့ second person ကိုထပ်ပေးလိုက်ချိန် ပြဿနာစကြုံတယ်။အဲ့မှာအညိုရောင်လေးစတင်ကာစိတ်ထိခိုက်တော့တယ်။

အညိုရောင်လေးစိတ်ထဲ ချမ်းသာရင်ဘာမဆိုဖြစ်မယ်ဆိုသော အသိစိတ်များစွဲကပ်နေမလားလို့လည်းစိုးရိမ်မိတယ်။

စီးပွားရေးသည်သာ တစ်
စီးပွားရေးသည်သာ နှစ်
စီးပွားရေးသည်သာ သုံး

ကျန်တဲ့ကိန်းဂဏန်းစဥ်တွေမှာလည်းစီးပွားရေး။ အညိုရောင်လေးက စီးပွားရေးကိုပဲဦးစားပေးပြီး ချစ်ခြင်းမေတ္တာကိုမျက်ကွယ်ပြုထားကာ ကိုယ့်ကိုကိုချစ်ဖို့တောင်မေ့နေလေရဲ့။ ကိုယ့်ကို pressure ဖြစ်စေတဲ့ကိစ္စတွေကို ခွန်အားအဖြစ်အသုံးပြုကာကြိုးစားနေလေသည်။ တစ်မြေ့မြေ့နဲ့
မင်းအသည်းကိုတိုက်စားမဲ့အဆိပ်လိုမျိုး အဲ့ pressure တွေဟာ မင်းစိတ်ကိုသတ်မယ်လို့ပြောလည်း နားဝင်မှာမဟုတ်ပါဘူး။

ထိုအညိုရောင်လေးက သူ့ goals တွေမှသူ့ goals ။ goals တွေကိုကျော်ဖြတ်နိုင်သာဖို့သာ စိတ်အားထက်သန်နေသည်။ ရင့်ကျက်လိုက်တာ ငါကတော့ အနာဂတ်ကိုကြိုတွေးပြီး အပူတပြင်းကြိုးစားနေမယ့်အစား အညိုရောင်လေးနားကပ်တွယ်ရန်သာစဥ်းစားနေမိသည်။

ထပ်တွယ်ကပ်နေအုံးမှာ

အညိုရောင်လေး အဝေးကိုထွက်မသွားမီအချိန်တွေထိလည်းကျွန်တော်တွယ်ကပ်နေခဲ့ပါတယ်။

🤎

နွေးနွေးထွေးထွေးလေးနဲ့စောင်ထဲပိုတိုးဝင်နေရင်း ဒါဟာငါသူစိမ်းအိမ်ရောက်နေပါလားဆိုတဲ့အသိစိတ်နဲ့နိုးထလာရသည်။ ချက်ချင်းထလိုက်တာမဟုတ်ပဲ ဟိုဘက်ဒီဘက်လှည့်ရင်းအပျင်းကြောဆန့်လိုက်မိသေးသည်။ အကျင့်ပါနေသောမနက်ခင်းအကျင့်တစ်ခုမို့ သိစိတ်ကထိန်းလည်းမသိစိတ်ကလုပ်မိသွားသည်။

ဟိုဘက်လှည့်လိုက်တော့ သူ့အားပြုံးပြီး အခန်းဝမှလှည့်ကြည့်နေသော အစ်ကိုဟိုဆော့နဲ့ဆုံသည်။ ပါးချိုင့်သေးသေးလေးပေါ်အောင်ပြုံးခြင်းဟာ မနက်ခင်းလန်းဆန်းစေပြန်တဲ့ ရေစင်အေးလေးများလား?

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Where stories live. Discover now