ကပိုကယို ပုံစံနဲ့ပင် ခန့်ညားနေသော မင်းခကို မှိုင်း ငေးနေမိသည်မှာ အချိန်ဘယ်လောက်ကြာသွားလဲ မှိုင်းမသိတော့။

ရုတ်တရက် ဖျတ်ခနဲ မျက်လုံးပွင့်လာကာ မှိုင်းကို စိုက်ကြည့်လာသော မင်းခကြောင့် မှိုင်း လန့်ဖြတ်သွားကာ ‌အယောင်ယောင် အမှားမှားနဲ့ နောက်ဆုတ်မိတော့ ခွမ်းခနဲ မြည်သံနဲ့ အတူ နောက်ကို ပစ်လဲကျသွားသည်။

ဧည့်ခန်းအဝင်ဝ တံခါးပေါက် ဘောင်ကို တိုက်မိပြီး အလှဆင်ထားသော ပန်းအိုးကြီးပေါ် ကိုပါ လဲကျသွား၍ မှိုင်း အီစိမ့်သွားကာ တော်တော်နှင့် ပြန်မထနိုင်…

မင်းခက အပြေးလေး မှိုင်းနားရောက်ချ လာသလို မီးဖိုခန်းထဲမှ ဒေါ်နန်းကလည်း ဟင်းချက်ဇွန်းကြီးတစ်ဖက်ဖြင့် အလောတကြီး ပြေးထွက်လာကာ

"ဟယ် မှိုင်းလေး ဘယ်လို ဖြစ်ရတာလဲသားရယ်"

ဒေါ်နန်းစကားမဆုံးခင်မှာပဲ

"မှိုင်းလေး သတိထားလေကွာ"

မှိုင်းကို ဆွဲထူကာ လေသံ ခပ်မာမာဖြင့် ပြောသော မင်းခ စကားကြောင့် မှိုင်း ခေါင်းကို ငုံ့ထားလိုက်မိသည်။

"ပြစမ်း ဘယ်နေရာ ထိသွားလဲ"

မင်းခ စိုးရိမ်တကြီး တစ်ကိုယ်လုံးကို လှည့်ပတ်ကြည့်လိုက်တော့ ပစ်လဲကျကျခြင်း လက်နဲ့ထောက်လိုက်၍ ဖြစ်မည်။ကျန်တဲ့နေရာ ဒဏ်ရာမတွေ့သော်လည်း ဘယ်ဘက် လက်ဖဝါးတစ်ခုလုံး သွေးတို့ရဲကာ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်နေ၏။

မင်းခ ဟင်းခနဲ သက်ပြင်းချလိုက်ကာ မှိုင်းကိုယ်လေးကို ဆွဲပွေ့လိုက်ပြီး ဒေါ်နန်းဖက်သို့ လှည့်၍

"ဒီနေရာလေး ရှင်းပေးပါဦး ဒေါ်နန်း။ကျန်တဲ့လူတွေကိုပါ ထိမိဦးမယ်။"

မင်းခ စကားကို ဒေါ်နန်းယု ခေါင်းငြိမ့်ပြကာ မှိုင်း‌ကို ကြည့်ရင်း

"တော်သေးတာပေါ့ မှိုင်းလေးရယ် လက်နဲ့ထောက်လိုက်လို့ မဟုတ်ရင်တော့ ဘုရားဘုရား"

ဒေါ်နန်း စကားကြောင့် မင်းခ မှိုင်းကို ဆွဲပွေ့ချီပြီး မျက်မှောင်တွန့်ကာ စိုက်ကြည့်လာ၍ မင်းခ ရင်ခွင်ထဲရောက်နေသော မှိုင်း အနေကြုံ့လာကာ မင်းခ ရင်ဘတ်ထဲသို့ မျက်နှာကို ဖွက်ထားမိသည်။

မှိုင်း(Complete)Where stories live. Discover now