'' ငါတို့နှစ်ယောက် ဘယ်တော့မှ မခွဲဘဲ တစ်သက်လုံး အ တူတူနေကြမယ်နော်.''
နားထဲမှာ ပြန်ကြားလာသလို ထင်ရသော အတိတ်က စကားသံသည် လေထဲက
စကားသက်သက်သာ ဖြစ်ကြောင်း ဘာမှ အသုံးမဝင်တော့ကြောင်း ယခု ပစ္စုပ္ပန် က သက်သေပြနေသည်..
'' သီရိ..ငါတို့နှစ်ယောက် ဆေးကျောင်းအတူတူ တက်ကြမယ်နော်..
ဆရာဝန်ဖြစ်အောင် အတူတူကြိုးစားကြမယ်..အလုပ်တူတူ လုပ်ကြမယ်.. တစ်သက်လုံး အတူတူ နေကြမယ်နော် ကတိပေးလား ''
10 တန်းအောင်စာရင်းထွက်သော နေ့က..တစ်နည်းအားဖြင့် သီရိရဲ့ 18 နှစ်ပြည့်မွေးနေ့တုံးက..ထိုကတိကို ပေးခဲ့ကြသည်..
ထိုနေ့က.ကလေးမလေး နှစ်ယောက်သည် .အနာဂတ်အကြောင်း စဉ်းစားကာ..ပျော်ရွှင် ခုန်ပေါက်နေခဲ့ကြသည်..
တစ်ယောက်လက်ကို တစ်ယောက်တွဲ ပြီး..မြို့အနှံ့ လျှောက်လည်ခဲ့ကြသည်..honey အိမ်က စာကြည့်ခန်းထဲမှာ စာအုပ်စင်ကို ကွယ်လျက် နှစ်ယောက် နမ်းခဲ့ကြသည်..
မနမ်းတတ်တဲ့ ကလေးမနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကျေနပ်သည် အထိတော့ နမ်းနိုင်ခဲ့ကြပါသည်..
honey ရဲ့ နီနီရဲရဲ နှုတ်ခမ်းထူထူလေးတွေက သီရိ အကြိုက်ဆုံး အရာ ဖြစ်ခဲ့သည်..အဲ့နေ့ကပင် သီရိ တရားဝင် ချစ်သူတစ်ယောက်ရခဲ့သည်..သီရိတို့ ချစ်သူတွေ ဖြစ်ခဲ့ကြသည်..
honey က အသားညိုသည်..ညိုချော ဆိုတာ honey လိုလူကို ပြောတာပဲဖြစ်မည်..ငါးပေခြောက်လက်မ ရှိသော ကျွန်မ အရပ်က honey နှင့် ယှဉ်လျှင်တော့ နိမ့်နေသေးသည်..honey က ငါးပေ ရှစ်လက်မ ရှိသည်..အနက်ရောင် မျက်လုံးတို့ကို ပိုင်ဆိုင်ကာ ကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိသည့် honey က သိပ်ကို လှသည်..ဆေးကျောင်းမှာတုံးကလည်း honey က နာမည်ကြီးသည်..honey ကို မိန်းကလေး တော်တော်များများကပင် တစ်ဖက်သက် ကြိုက်ကြသည်..queen ဝင်ပြိုင်ဖို့ လူအများက တိုက်တွန်းကြသော်လည်း..အချစ် သဝန်တိုမှာစိုးတယ် ဟုဆိုကာ ဝင်မပြိုင်ခဲ့ပါ..ထိုအချိန်က သူမက မေးသမျှ လူတိုင်းကို ထိုသို့ ပြန်ဖြေခဲ့သည်..
YOU ARE READING
''Trust "
Fantasyတစ်နေ့နေ့တစ်ချိန်ချိန် ကျွန်မတို့ နှစ်ယောက် တစ်ယောက် ကိုတစ်ယောက် မချစ်ကြတော့ရင်ရော နှလုံးသားတွေက အေးစက်သွားတတ်ကြတယ် မဟုတ်လား ၊ တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်မတို့ နှစ်ယောက် တစ်ယောက် ကိုတစ်ယောက် မချစ်ကြတော့ရင်၊ နှလုံးသားတွေက အေးစက်သွားတတ်ကြတယ် မဟုတ်လား...
Part 1🍁 ( Unicode)
Start from the beginning
