Part 1🍁 ( Unicode)

Start from the beginning
                                        

အလုပ်နားရက်ဖြစ်တာကြောင့် အပြင်လဲ မထွက်ချင်တော့သည်နှင့် pizza family က seafood pizza large size 2 ချက် မှာကာ.. expresso တစ်ခွက် မှာလိုက်သည်...
နေ့လည်ရောက်လျှင်လည်း ကျန်တဲ့ pizza ကို microwave နဲ့ ပြန်နွှေးကာ စားရုံပင်..ညနေစာကိုတော့ အပြင်ထွက်စားတော့မည်..market ဝင်ကာ အသင့်စား အစားအစာ တချို့လဲ ဝင်ဝယ်ရဉီးမည်..
တစ်ယောက်ထဲနေသော အိမ်ရဲ့ ဧည့်ခန်းမှာ တစ်ယောက်တည်း ထိုင်ကာ တစ်နေ့တာ plan ချလိုက်သည်..စားပွဲ ပေါ် မှာ တင်ထားသော ဆေးလိပ်ဘူးထဲမှ ဆေးလိပ်တစ်လိပ်ကို ယူကာ အရသာခံ သောက်နေလိုက်သည်..စောစောစီးစီး ဘာမှမစားရသေးဘဲ ဆေးလိပ်သောက်တာ မကောင်းဘူး ဆိုတာ သိသော်လည်း.. မတတ်နိုင်ပါ..စိတ်ထွက်ပေါက် တစ်ခုဖြစ်သည်လေ..

'' အချစ်ရေ..ငါ့ကို အရမ်းလွမ်းလာရင် ငိုချလိုက် သိလား..နင်ငိုတဲ့အချိန်တိုင်း ဘေးမှာ အမြဲရှိပေးပြီး နှစ်သိမ့်ပေးတတ်တဲ့ ငါမရှိတော့ နင်တော့ အကြီးကြီး ခံစားရလိမ့်မယ် ထင်တယ်ဟ..ဟားဟား ''

''အဲ့တာဆို ဘာလို့ ငိုခိုင်းတာလဲ ''

'' ငါတို့နှစ်ယောက် ထဲက တစ်ယောက်ယောက်က အရမ်းကိုဝမ်းနည်းပြီး ငိုတဲ့ အချိန်တိုင်း နောက်တစ်ယောက်ကလဲ ရင်တွေနာလာ တယ်လေဟာ..နှစ်ယောက်အတူတူရှိမနေတာတောင်မှ အဲ့လိုဖြစ်တယ်..ငါတို့က soulmate တွေ ဖြစ်မယ်ထင်တယ် နော် အချစ် ''

'' စောက် ပိုတွေ ''

သီရိ မျက်စောင်းထိုးကာ ထိုသို့ ပြန်ပြောခဲ့သည်..
honey ကလဲ အားပါးတရ ရယ်နေခဲ့သည်..

သို့သော် ယခု..honey ပြောခဲ့တာက အပိုစကား သက်သက် မဟုတ်ကြောင်း မျက်နှာပေါ် က မျက်ရည်တွေက သက်သေ ပြနေသည်..ခက်တာပဲ..

မနေ့က..ကိုယ်ဝန်ငါးလ ရှိနေသော ကိုယ်ဝန်သည် လူနာက အူအတက်ပေါက်ကာ ဆေးရုံသို့ ရောက်လာခဲ့သည်..နဂိုကတည်းက အားနည်းနေသော မိန်းမဖြစ်တာကြောင့် ခွဲစိတ်မှုက အတော်လေး ခက်ခဲခဲ့ပါသည်..ဆေးစစ်ထားသော မှတ်တမ်းလည်းမရှိ.. လူကလည်း အားနည်းနေသေးသည့်အပြင်..အူအတက်ပေါက်တာကလည်း ဗိုက်နာတာ တော်တော်ကြာမှဆေးရုံ ရောက်လာတော့ အရာရာက ခက်ခဲခဲ့သည်..ခွဲစိတ်မှုအောင်မြင်ပေမယ့် လမစေ့သေးသည့် ဗိုက်ထဲက ကလေးလေးကတော့ အဆင်မပြေခဲ့ပါ..
စိတ်ပင်ပန်းရသည့်အပြင် အလုပ်ကပါ ပင်ပန်းရသည်..
အနားမှာ အမြဲရှိနေပေးခဲ့တဲ့ တစ်စုံတစ်ယောက်က မရှိလေတော့ ဝေဒနာက ပိုဆိုးသည်..

''Trust "Where stories live. Discover now