*ဟား..! မင်းက တကယ့်စောက်ရူးပဲ။ ငါပြောသမျှ ယုံနေတယ်။ မင်းက ငါ့အတွတ် ခိုင်းကောင်းတဲ့ ကျွန်လေးလိုပဲ။ အဲ့တာမို့ ချစ်တယ်ပြောလိုက်တာ..မင်းက ငါ ချစ်တယ်ပြောတိုင်း အရူးလို ဖြစ်ဖြစ်သွားတာ ကြည့်ပြီး ငါ စောက်ရမ်းရယ်ရတာ။ မင်းက ငါ့အတွတ် ဟာသပဲ ရှောင်းကျန့်ရ*

မျက်ရည်တွေ ကျလာသည့် ရှောင်းကျန့်က ယိုင်နဲ့စွာ ခြေနှစ်လှမ်းစာလောက် နောက်ဆုတ်သွားလေသည်။ ရိပေါ် မျက်နှာကို မယုံကြည်မှုတွေနဲ့ ကြည့်ပြီး တစ်ခုခုပြောရန် ပြင်ပြီးမှ နှုတ်ခမ်းတွေက ဘာမှထွက်မလာနိုင်သလို။

ရိပေါ် ထိုပုံစံကို ကြည့်ကာ မခံစားနိုင်တော့။ ရှောင်းကျန့်ကို ပြေးပြီးပွေ့ဖက်ကာ မင်းက ငါ့ရဲ့အချစ်ရဆုံး သူပါဆိုပြီး ပြောလိုက်ချင်သည်။ ငါ ချစ်လွန်းလို့ မင်းကို ချစ်တယ်လို့ ပြောခဲ့တာလို့ ပြောပြချင်သည်။

*ငါ သွားပြီ*

ရိပေါ် ဆက်မကြည့်နိုင်စွာ လှည့်ထွက်ခဲ့ပေမယ့် ရိပေါ်၏ လက်ကို လာဆွဲသည့် လက်တစ်စုံကြောင့် ခြေလှမ်းတွေ ရပ်သွားသည်။

*အဆိုးလေးအတွတ် ကိုယ်က ဟာသဆိုလဲ ကိုယ့်ကို ဟာသကောင်လိုပဲ သဘောထားပြီး ဆက်တွဲလို့မရဘူးလား။ ကိုယ်က အဆိုးလေးအတွတ် ကျွန် လို သတ်မှတ်တဲ့ကောင်ဆိုလဲ ကိုယ့်ကို ဆက်ပြီး သတ်မှတ်ပါ။ တစ်ခုပါပဲ တစ်ခုလေးပါပဲ..ကိုယ့်ကို မထားခဲ့ပါနဲ့ အဆိုးလေးရယ် နော်။ ကိုယ် မင်းမရှိရင် သေလိမ့်မယ်ကွ*

ရိပေါ် ရင်ထဲတစ်စို့ လာ၍ အောက်နှုတ်ခမ်းကို အတင်းဖိကြိတ်ထားမိသည်။ မျက်ရည်တွေ ကျနေသည်ကို ရှောင်းကျန့် မမြင်နိုင်အောင် ခေါင်းကို တစ်ဖက်သို့ လှည့်ထားမိပြီး ရှောင်းကျန့်လက်ကို ဖြုတ်ချလိုက်သည်။

*ငါ မင်းကို ဆက်မတွဲနိုင်တော့ဘူး။ ငါ့ အနားမှာ ရှိပေးခဲ့လို့ ကျေးဇူးတင်ပါတယ်*

ရိပေါ် အရမ်းပြောချင်ခဲ့သော စကားလေး။ ကျေးဇူးတင်ပါတယ် ရှောင်းကျန့်။ ငါ့အနားမှာ အကြာကြီး ရှိနေပေးပြီး အနာကျင်ရဆုံး အချိန်မှာတောင် ငါ့ကို ဆွဲထားပေးခဲ့လို့။

For..Où les histoires vivent. Découvrez maintenant