*ငါ မင်းလို ဘာမှမရှိတဲ့ကောင်နဲ့ ဆက်မတွဲနိုင်တော့တာ*

*ဘာ..!*

ရိပေါ်၏ စကားကြောင့် ရှောင်းကျန့်၏ အာမေဋိတ်သံက အကျယ်ကြီး ထွက်လာလေသည်။ မျက်ရည်တွေ ဝေ့သီနေသော ရှောင်းကျန့်၏ မျက်နှာကို ရိပေါ် သေချာစူးစိုက် ကြည့်နေမိ၏။

ဒီမျက်နှာလေးကို ဘယ်အချိန်မှ သူတွေ့ရမလဲဆိုတာ မသေချာတော့ဘူး။ အခုကထဲက အဝကြည့်သွားချင်သည်။ ရိပေါ်ဆီကို လှမ်းလာကာ ဖက်ရန်ပြင်နေသည့် ရှောင်းကျန့်၏ လက်တွေထဲက ရိပေါ် နောက်ဆုတ်ကာ ရုန်းထွက်ပစ်သည်။

*အ..အဆိုးလေးက ကိုယ့်ကို စိတ်ဆိုးနေလို့ အဲ့လိုတွေပြောနေတာမလား။ ပြော အဆိုးလေး ကြိုက်သလိုပြောကွာနော်။ ကိုယ် စိတ်မဆိုးဘူး ဟုတ်ပြီလား*

*မင်း လူလို နားမလည်ဘူးလား ရှောင်းကျန့်။ မင်းလို ဘာမှမရှိတဲ့ကောင်ဆီမှာ ငါ တစ်နှစ်လုံးလုံး ငါ့ဘဝကို နှစ်မြှုပ်ပြီးသွားပြီကွာ သိလား။ ဘာအသား၊ ဘာကောင်းတဲ့ အရာမှ မပါတဲ့ ခေါက်ဆွဲကိုလဲ ငါဆက်မစားနိုင်တော့ဘူး။ မင်းလို ဘာမှမရှိတဲ့ကောင်ကို တွဲပြီး ဘာအရသာမှ မရှိတဲ့ ဟင်းတွေကိုလဲ ငါ မစားနိုင်တော့ဘူး*

ရိပေါ်ကို ကြည့်နေသည့် ရှောင်းကျန့်၏ မျက်နှာမှာ နားမလည်နိုင်မှုတွေ အပြည့်။ ရိပေါ် ရှောင်းကျန့်၏ အစိတ်အပိုင်း တစ်ခုချင်းဆီကို သေ‌ချာမှတ်မိနေအောင် ကြည့်နေမိသည်။

ဘာမှမပါတဲ့ မင်းပြုတ်ကျွေးတဲ့ ခေါက်ဆွဲပြုတ်က ငါ့အတွတ် ဘာနဲ့မှ မလဲနိုင်တဲ့ အရမ်းကောင်းတဲ့ အရသာပဲ။ ကားနဲ့လျှောက်သွားရတာတွေထက် မင်းလက်ကို တွဲပြီး လမ်းလျှောက်ရတဲ့ ဘဝကို ငါ ပိုပျော်တာ ရှောင်းကျန့်။

ဒါပေမယ့် ငါက ပျော်ရွှင်ဖို့တောင် မထိုက်တန်တဲ့ကောင်။ ငါနဲ့ တွဲနေရင် မင်းပါ နာကျင်နေရမှာ ရှောင်းကျန့်။ မင်း နာကျင်တိုင်းလဲ ဘာမှမဖြစ်သယောင် ငါ့ကို အရူးလို ပြုံးပြနေအုံးမှာ။

မင်းကို ငါ မနာကျင်စေချင်ဘူး။

*အဲ့တာဆို ကိုယ် အလုပ်ရှာမယ်ကွာ အများကြီး။ အဆိုးလေး ကြိုက်တဲ့ အသားတွေကို အများကြီးဝယ်ပြီး ချက်ကျွေးမယ်။ ပြီးရင် အဆိုးလေးကို မျက်နှာမငယ်အောင် ထားပေးမယ်လေကွာနော်..! ကိုယ့်ကို ချစ်တယ်မလား။ အဆိုးလေး ပြောတော့ ကိုယ့်ကို ချစ်တယ်ဆို*

For..जहाँ कहानियाँ रहती हैं। अभी खोजें