မျက်စိကိုထောင့်ကပ်ကာစွေကြည့်ရင်း လူကိုတရားခံမေး မေးနေတော့တာ။
"ကြံကြံဖန်ဖန် ငယ်ထွေးရယ်...ငယ်ထွေးနဲ့ ခွဲရပြီးကတည်းက မောင်ကနောက်ထပ်တစ်ယောက်ဆိုတာ ဘယ်တော့မှမရှိစေရဘူး...မောင့်အတွက် ငယ်ထွေးနေရာကို အစားထိုးစရာလူမရှိဘူး...ငယ်ထွေးက မောင့်အတွက်တစ်ဦးတည်းသောမူပိုင်..."
"စကားတတ်တိုင်းပြောမနေနဲ့..လူကို ခေါ်သွားပေးပါဆို မခေါ်သွားဘူး...ငယ်သိတာ အဲ့ဘက်ကိုအလုပ်သွားလုပ်တဲ့ သူဌေးတွေ တစ်ရွာတစ်ကျီဆောက်တယ်ဆို"
"မောင်တော့ တစ်ကျီမှမဆောက်ရသေးပါဘူး"
"မဆောက်ရသေးရင် ဆောက်လေ..."
"အင်း...ဆောက်မယ်...ဆောက်ရမယ်"
ပြောရင်း ငယ့်ကိုယ်လေးကို ပွေ့ချီတယ်။
"အိပ်ရအောင်...ငယ်ထွေး"
"ပြန်ချပေး အောက်ကို...ဒီမှာနေအုံးမှာ...အိပ်ချင်ရင်သွားအိပ်"
"ပြွတ်..ပြွတ်...ငယ်ထွေးလေး...ဘာဖြစ်ပြန်ပြီလဲ"
"ဘာကို ဘာဖြစ်ပြန်ပြီလဲ လဲ...သွား..မနမ်းနဲ့တော့"
"အိပ်ကြရအောင်ကွာ...ညနက်နေပြီ...မနက်ကျ မထနိုင်ရင် အမေတစ်ယောက်ထဲ ချက်ပြုတ်နေရမယ် ငယ်ထွေးရဲ့...မောင်ကူပေးမှ ဖြစ်မှာပေါ့"
ချီရင်းလျှောက်လာတာ အခန်းထိပဲ...
တစ်စက်မှ အငြိမ်မနေဘူး...
ခြေထောက်တွေကို ရမ်းခါပြီးဆော့နေတာ...
ရင်ဘတ်ကိုလဲ ခေါင်းနဲ့ဝှေ့နေတာပဲ။ကုတင်ပေါ်ကို ချပေးတော့ စူပုတ်ပုတ်နဲ့လူကိုပြန်ကြည့်နေတာ...
အသည်းတွေယားလွန်းလို့ မနေနိုင်ဘူး။
နီရဲပြီးအိစိုနေတဲ့ နှုတ်ခမ်းလေး...ဆွဲပြီးငုံမိတယ်။
အိစက်နေတဲ့လျှာဖျားလေးက ငယ်ထွေးခံတွင်းနွေးနွေးလေးထဲမှာ လှုပ်စိလှုပ်စိနဲ့...
လျှာလေးကို ဆွဲယူပြီးစုပ်လိုက်တော့...အသံတွေက ထိန်းမရလောက်အောင် ကျယ်လာပြီး မောင်ရော ငယ်ရော သွေးတွေပူလာတယ်။ငယ့်လက်ကလေးက မောင့်လည်ပင်းတစ်လျှောက်ပွတ်သပ်နေမိတယ်။
အနမ်းတွေကကြာလေ နက်နဲလာလေ...
အသက်ကိုခိုးရှုရင်း နိမ့်ချည်မြင့်ချည် ငယ့်ရင်ဘတ်လေး...
မောင့်အနမ်းတွေအောက်မှာ လူးလိမ့်နေရှာတယ်။
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....
part(69)🍧🍧🍧
Start from the beginning