အပိုင်း(၁၃)

Start from the beginning
                                    

သို့သော် Iris ရဲ့ ခပ်တည်တည်ပဲ ပုံစံကြောင့် တအားကြီးတော့ မနှောင့်ယှက်ရဲကြပေ။

မျက်နှာချင်းဆိုင်က နံရံထက်မှာ သူနဲ့လွန်း နောက်ဆုံးတွေ့သည်ညက လွန်းပေးလိုက်
သည့် လွန်းကလေးဘဝက  ဓာတ်ပုံလေး။

" လွန်းအနားကို မောင်ပြန်လာတော့မယ် လွန်း "

Alex ဆီ    ဖုန်းခေါ်လိုက်ပြီး မြန်မာပြည်အတွက် လေယာဥ်လက်မှတ်တစ်စောင်ဖြတ်ခိုင်းထားလိုက်သည်။

အလုပ်တွေအားလုံးကိုလည်း သူ Alex နဲ့လွှဲပေးဖို့ ပြင်ဆင်ပြီးပြီ။

" ကိုကို "

အခန်းထဲကို မပြောမဆိုနဲ့ ဝင်လာသော မီးငယ်က အရင်ကပုံစံအတိုင်းပဲ။

ဆံပင်ကိုရွှေရောင် အခွေအလိပ်တွေပြောင်းထားပြီး မျက်နှာတစ်ခုလုံး မှုန်နေအောင်ခြယ်သပြင်ဆင်ထားသည်။

" သူများအခန်းကို ဝင်လာရင် တံခါးခေါက်ရမယ်ဆိုတာ မသိဘူးလား လေးမြတ်ခွာညို ethics မရှိဘူးလား "

ကိုကိုက အမြဲတမ်း သူ့ကို ပြောဖို့ဆိုဖို့ ချည်းပဲ ။ လေးမြတ်ခွာညို မျက်နှာကို စူပုပ်ထားလိုက်သည်။

" ကိုကိုကလည်း Cindy က ကိုယ့်အကိုခန်း ဝင်တာလေ သူများအခန်းဝင်တာမှမဟုတ်တာ မုန့်ဖိုးပေးပါဦး Cindy ကောင်လေးနဲ့ ချိန်းထားလို့ "

သမီးတစ်ကောင် နွားတစ်ထောင်ဆိုတော့ ညီမတစ်ကောင် နွားနှစ်ထောင်ပေါ့ Iris သက်ပြင်းချလိုက်ပြီး ဘောင်းဘီထဲက Card ထုတ်ပေးလိုက်သည်။

" သုံးချင်တိုင်းသုံး ဖြုန်းချင်တိုင်းဖြုန်းမနေနဲ့ ငါငွေရှာနေတာ နင့်အတွက်မဟုတ်ဘူး "

" သိပါတယ် လွန်းလရိပ်ဝေး အတွက်မလား ဆယ်နှစ်တောင်ကြာနေပြီဟာကို ဟိုကမိန်းမတွေ ဘာတွေ ရသွားလောက်ပြီ ကိုကိုပဲ လွမ်းနေတာ "

အရည်အရအဖတ်မရ တွေ ပြောနေသော ညီမဖြစ်သူကြောင့် Iris သည်းမခံနိုင်တော့ပေ။

" ထွက် သွား စမ်း လေးမြတ်ခွာညို "

မိန်းမရသွားလည်း ဘာအရေးလဲ အဲ့မိန်းမကို သတ်ပြစ်လိုက်မှာပေါ့။

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now