🥀Wanna Eat You🥀

6.5K 198 87
                                    

Taehyung ဒီနေ့က companyရဲ့ နှစ်ကုန်

Staff party မို့လို့ အစွမ်းကုန်ပြင်ဆင်နေသည်.....

ဒီနေ့ပြီးရင် နက်ဖြန်ဟာ သူရာထူးတစ်ဆင့်တက်ပြီ

ဖြစ်တာကြောင့် ပျော်လည်းပျော်နေလေသည်...

"အာ~ 7:00တောင် ထိုးတော့မယ်... မြန်မြန်သွားမှ"

ပြောရင်း Taehyung အိမ်ပြင်ဘက်ထွက်လာခဲ့ပြီး

အနက်ရောင် ဈေးအသင့်အတင့်ကားလေးနဲ့

မြို့လယ်ကောင်ရှိ Dope club သို့~

.
.
.
.
.
.
.
.
.
.
.
"Yay... ကြိုဆိုပါတယ် အဖွဲ့မှူးKim... အာ~ မှားလို့

ဌာနမှူးKim ဖြစ်တော့မှာပဲ ဟဟား"

"ခုထိတော့ အဖွဲ့မှူးပါပဲ Designer Yoonရယ်..."

"ဟုတ်ပါပြီ လာ .. အဖွဲ့မှူး သောက်လိုက်"

"အာ~ ကျွန်တော်သိပ်သောက်လို့မရဘူး ဗိုက်အောင့်

တတ်လို့"

"အော ရတယ်လေ နှစ်ခွက်သုံးခွက်လောက်တော့

သောက်လိုက် အဖွဲ့မှူး.. မဟုတ်ရင် ကျွန်မ ဒီနားမှာ

တင် အော်ငိုပြစ်မှာ"

Designer Yoon က သူတို့ Team Kim မှာ

အငယ်ဆုံးဖြစ်သလို တစ်ဦးတည်းသောသမီးမို့

ချွဲပြီး ဆိုးတတ်သော ကလေးမဖြစ်သည်.....

သို့သော် အခြားမိန်းကလေးများကဲ့သို့ ယောကျာ်း

သားများကို ရောရော ရောရော နှင့် ယွနေသည်

မဟုတ်...

တစ်ဦးတည်းသော ရင်သွေးများ သဘာဝ

အကို အမ လိုချင်သဖြင့် သူတို့အား ညီကိုမောင်နှမ

ကဲ့သို့ သဘောထားပြီး ဆိုးချင်တိုင်း ဆိုးနေခြင်း...

ㅜa3k00k Oπ3$h0®ㅜWhere stories live. Discover now