အခန်း (၆၁)

Start from the beginning
                                    

"ဖေ့ကျင်း ဘာဖြစ်လို့လဲ၊ အရှင်မင်းကြီးက လက်ရေးလှဆောင်ထဲမှာ ဘာပြောလိုက်လို့လဲ"

ဖေ့ကျင်းက ရန်ရှီးနဥ်လက်လေးကို ဆုပ်ကိုင်လိုက်သည်။ "ဘာမှမဟုတ်ဘူး၊ မင်းယောက္ခမတော်က ကိုယ့်ကို ကောင်းကောင်းနေဖို့ ပြောတာ"

"အရှင်မင်းကြီးက တစ်ခုခုများ ရှာတွေ့သွားတာလား" ရန်ရှီးနဥ်က မေးလိုက်သည်။

ဖေ့ကျင်း ခေါင်းခါလိုက်၏။

"တစ်ယောက်ယောက်က ခမည်းတော်ကို တစ်ခုခုပြောလိုက်လို့ ဖြစ်မှာပေါ့"

ရုတ်တရက် ဖေ့ကျင်း၏ သက်တော်စောင့် ရှောင်တင်းက ခြံဝင်းထဲ ဝင်လာလေသည်။

"နန်းတွင်းထဲမှာ ဘာဖြစ်လို့လဲ" ဖေ့ကျင်းက မေးလိုက်သည်။

ရှောင်တင်းက ဖေ့ကျင်းကို နန်းတွင်းရုံးတော်အရာရှိများ၏ မည်သူက အိမ်ရှေ့စံဖြစ်သင့်ကြောင်း အငြင်းပွားမှုကို လာတင်ပြပြီးနောက် ခြံဝင်းထဲမှ ထွက်သွားတော့သည်။

ရန်ရှီးနဥ် တုန်လှုပ်သွား၏။ ဟွမ်းကော်က သူမကိုယ်ဝန်အကြောင်းကိုသာ သတင်းဖြန့်မည်ဟု ထင်ထားခဲ့သည်။ 

"ဟွမ်းကော်က နန်းတော်ထဲမှာ ဘာလို့ ပြဿနာရှာချင်နေရတာလဲ" ရန်ရှီးနဥ်က ပြောလိုက်သည်။

"ကြည့်ရတာ ကိုယ် ဟွမ်းကော်ဆီ သွားလည်ရမယ် ထင်တယ်" ဖေ့ကျင်းက အေးစက်စက် ပြောလိုက်သည်။

ဖေ့ကျင်းက ဟွမ်းကော်ကြောင့် စိတ်မကောင်းမဖြစ်ဘဲ ဘုရင်မင်းမြတ်၏ တုံ့ပြန်ချက်ကြောင့် စိတ်မကောင်းဖြစ်နေတာမှန်း ရန်ရှီးနဥ်သိသည်။ ဖေ့ကျင်းသည် ဘုရင်မင်းမြတ်၏သားတော် ဖြစ်သော်လည်း တိုင်းပြည်ကို ထီးနန်းအမွေဆက်ခံခွင့် ဘယ်တုန်းကမှ မပေးချင်ခဲ့ပေ။ သူမသည် ဖေ့ကျင်း၏ အေးစက်နေသော လက်ကို ဆုပ်ကိုင်လိုက်ပြီး အဖိုးကြီးက သူမ၏ လျစ်လျူရှုပြီး သာရာပါတတ်သော အဖေထက်တောင် ပိုနိမ့်ကျသည်ဟု သူမ တွေးလိုက်မိသည်။

ဖေ့ကျင်း ရန်ရှီးနဥ်၏လက်ကို အသာပုတ်လိုက်၏။ "ရှီးနဥ် ကိုယ် အဆင်ပြေပါတယ်၊ ကိုယ်က နေသားကျနေပြီ၊ မင်းဒေါသမထွက်နဲ့"

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now