ခွဲခွာခြင်းအမှတ်တရ.....
.
.
လင်းသန့်ကြည် တာဝန်တွေကို ကူပေးဖို့အကူအညီတောင်းပြီးတာနဲ့ နားပင်မနားခဲ့။
ချက်ချင်း မောင်ရှိရာသွားသည်။လက်ရှိရောက်နေတာက မြန်မာပြည်အောက်ပိုင်း...သွားရမှာက မြန်မာပြည်အထက်ပိုင်း။
ခရီးကဝေးတာကြောင့် တစ်ရက်နဲ့မရောက်ဘူး။
အရမ်းကိုမြန်မြန်ရောက်ချင်တယ်။
မောင့်ကိုတွေ့ချင်လှပြီ။
မတွေ့ရတာ သုံးနှစ်....တွေ့ရပါတော့မယ်ဆိုမှ သုံးမိနစ်လောက်ကိုပဲ ကြာတယ်ထင်နေမိတာ။ကြိုပြောထားတာပေမဲ့....တကယ်တမ်းတွေ့လိုက်ရတော့အရမ်း စိတ်ပူတယ်။ ကုတင်ပေါ်မှာ... ပက်လက်လေး...
ဟိုးတစ်ချိန်တုန်းက ရန်ကုန်မြို့စွန်ဆေးရုံလေးရဲ့ အရေးပေါ်ခန်းထဲကို ရောက်လာတဲ့ မောင့်ကိုမြင်ယောင်တယ်။
ပိန်သွားတယ်...မောင် ပိန်သွားတာသိသိသာသာ။
အသားတွေက ညိုမှောင်မှောင်နဲ့
အစကတည်းကအသားက မဖြူတဲ့သူပါပဲ။
ဒါပေမဲ့ အခုက ပိုပြီးညိုလာတာ။အိပ်ပျော်နေတဲ့ မောင့်ကို ဒီတိုင်းထိုင်ကြည့်နေမိတယ်။
ခရီးအဝေးကြီးကို ပင်ပန်းစွာဖြတ်ကျော်ပြီးမောင့်ဆီရောက်လာတာ... မောင့်မျက်နှာကို ဒီတိုင်းထိုင်ကြည့်ခွင့်ရရုံနဲ့ ပင်ပန်းတာပြေပျောက်တယ်။
အသံထွက်မိရင် မောင် နိုးသွားမှာစိုးရိမ်လို့ အသံလုံးဝမထွက်ဘဲ မျက်ရည်ကျတယ်။အနားမှာ ကိုဝင်းအောင်ရှိနေတယ်။
လင်းသန့်ကြည်ကိုမြင်တော့ ဝမ်းသာသွားပြီး တစ်ခုခုကိုလဲသဘောပေါက်သွားပုံပါပဲ။
အထူးခန်းမရှိတော့...အခြားလူနာတွေလဲရှိနေတာ။
ရှိလဲ ရှိပါစေ...ဘာမှကို ဂရုမစိုက်နိုင်ပါဘူး။
မောင့်မျက်နှာထိုင်ကြည့်နေလိုက်တယ်။"လင်းသန့်...ခဏနားပြီး...ရေလေးချိုးရအောင်လေ"
အာကာက ပြောတယ်။
"ဟုတ်သားပဲ ဆရာ...ဆရာလဲပင်ပန်းလာတာ...ရေချိုး ထမင်းစားလိုက်ပါအုံးလား"
ကိုဝင်းအောင်လဲ ဝင်ပြောတယ်။
"ရတယ်...သူနိုးတဲ့အထိ စောင့်လိုက်မယ်"
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....