"သူ ဒီနေ့သားတို့အိမ်မှာအိပ်မှာ သူပြဿနာလေးတွေတက်လာလို့"

"ဪ ရတယ်လေသားရဲ့ အခန်းကတော့အပိုမရှိဘူးကွယ် ကုတင်ပေါ်မှာအတူတူအိပ်လို့အဆင်မပြေရင် ဟို​ဆော့မင်းအောက်ဆင်းအိပ်လိုက် အမေစောင်တွေခေါင်းအုံးတွေပို့ပေးမယ်"

"ဟုတ်မေမေ"

ထိုကောင်လေးသည် ချမ်းသာသောမိသားစုအသိုင်းအဝိုင်းကမှန်း မြင်တာနဲ့တန်းသိရသည်။ဒီလိုကြမ်းပြင်မှာအိပ်ခိုင်းတာကျမဟုတ်သေးဘူးလေ။ အိမ်ကသားတော်မောင်ကိုပဲအိပ်ခိုင်းရတော့မှာပေါ့။

ဟိုဆော့အမေထသွားတော့

"ဟို ကျွန်တော်ပဲဆင်းအိပ်ပေးမယ်လေ အစ်ကိုကမအိပ်ပါနဲ့အဲ့လို။ အဲ့လောက်ထိကူညီပေးတော့အားနာရတယ်ဗျ"

သူ့လည်ပင်းဂုတ်ပိုးအားသူ့ဘာသာပွတ်သတ်ကာထိုကောင်လေးကဆိုလာသည်။ ဘယ်လိုလေးလည်းကိုမသိဘူး။ ငါလည်းချစ်မိတာနဲ့ပဲ အကြင်သူရဲ့အပြုအမူတစ်ခုဆီက သူ့နှလုံးသားထဲမြှားအစင်းတွေနှယ် ဝင်ရောက်ထိုးစိုက်လာတော့သည်။

သူလည်းဘာမှပြောမနေတော့ပဲ

"ထမင်းစားပြီးပြီလား?"

"ဟင့်အင်း"

"လာ"

ထမင်းမစားရသေးသော အညိုရောင်ဝက်ဝံလေးအား ထမင်းစားခန်းထဲသို့ခေါ်ကာ သူ့လက်ရာပြကာကျွေးရတော့မည်။ဒါလည်းကောင်းတာပဲ ငါ့ကိုအညိုရောင်လေးအထင်ကြီးစေ ဟီး။

အိမ်မှာက စားပြီးရင်ဘာမှမရှိတော့ဘူးလေ။ အဲ့တာဟင်းလေးထပ်ချက်ပေးမလို့ပါ။ဘာချက်တတ်လဲဆိုရင်တော့ဘာမှမချက်တတ်ပါဘူး။ ကြက်ဥပဲကြော်တတ်တယ်။

အညိုရောင်ဝက်ဝံလေးဟာ လက်နှစ်ဖက်ဆုပ်ထားရင်း ထိုင်ခုံမှာထိုင်နေတာမို့ သူသောက်ဖို့လောလောလတ်လတ်သူ့အမေကြိုပေးထားသော နွားနို့ပူပူအားခွက်ထဲထည့်ပေးကာ ချပေးလိုက်သည်။

အညိုရောင်ဝက်ဝံလေးက နွားနို့ဖြူဖြူတို့နှင့်မလိုက်သလို ကော်ဖီညိုညိုတို့နှင့်လည်းမလိုက်ဖက်ပါ။ ခါးသက်ခြင်းသည် ချိုမြိန်သော အညိုရောင်ဝက်ဝံလေးနဲ့ကွဲထွက်စွာ~

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Where stories live. Discover now