အပိုင်း ၃၂

Start from the beginning
                                    

အခုသူ့ရဲ့ လက်ရှိ အခြေအနေက နွေဉီးအိမ်မက် မက်ပြီးသားအခြေအနေကြီးပေါ့...
ဒါဆိုရင် ညက ကြောက်လန့်စရာ အရိပ်မည်း မကောင်းဆိုးဝါးအိမ်မက်ကြီးက သူ့ရဲ့ ပထမဉီးဆုံး နွေဉီး အိမ်မက်ကြီးပေါ့လေ...
မျက်နှာ ဘယ်သူဘယ်ဝါမှန်း တောင်မသိရတဲ့ သူက သူ့ရဲ့ နွေဉီးအိမ်မက်တဲ့...
အခြားသူတွေသာ ဒီအကြောင်းကိုသာ သိသွားရင် သူ့ ရှေ့ကိုလာပြီး ဗိုက်နှိပ်ပြီးရယ်မောကြလောက်သည်။

ရှောင်ဟန်ရဲ့ အတွေးတွေ ယောက်ယက်ခတ်ဗျာများ
နေသည့် အချိန်မှာပင် ကျိုးယွင်ရဲ့ လာရောက်မေးမြန်းသံက ထွက်ပေါ်လာခဲ့သည်။

"ကော...ဘာတွေတွေးနေတာလဲ.?.."

"နွေ...နွေ..ဉ...မဟုတ်...အာ...ဘာမှမတွေးပါဘူး...ဒီအတိုင်းပါပဲ...ဒီအချိန်ကြီးအထိ ကောကို အားယွင်လေးက ဘာလို့လာ မနှိုးသေးတာလည်းလို့ တွေးနေမိလို့ပါ...ကျန်တာ ဘာမှ မဟုတ်ဘူးရယ်..."

" အင်း...ကျွန်တော်က ကောကို ခရီးပန်းနေတော့ အိပ်ရေး မဝသေးမှာ ဆိုးလို့ မနှိုးဘဲထားလိုက်တာ...ကောနိုးလာမှပဲ ပြန်ဖို့ အေးဆေးလုပ်လိုက်လို့ရတယ်ဆိုတော့...အခုလည်း​ကော ရေချိုးမလို့မဟုတ်လား...ဘာလို့ မထသေးဘဲ  ဒီအတိုင်းကြီး ထိုင်နေရတာလည်း..."

ကျိုးယွင်ရဲ့ စကားကြောင့် ရှောင်ဟန်သည်က အကြောအညောင်းညာဖြေနေသည့် ဟန်ဖြင့် လုပ်ပြလာပြီး ပြောလာသည်။

"ကောကလား...အိပ်ရာ ထထချင်းဆိုတော့ ဒီအတိုင်း ခဏလောက် အညောင်းညာဖြေနေတာလေ....အိပ်ရာ အပြောင်းအလဲကြောင့်ထင်တယ်...ကောရဲ့ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို ကြီးဖြစ်နေတယ်..."

ရှောင်ဟန်က သူ့ကို တစ်ခုခုစူးစမ်းလာသလို ကြည့်နေတဲ့ ကျိုးယွင်ရဲ့ အကြည့်တွေကြောင့် ခါးလောက်အထိ ခြုံထားသည့် ခြုံစောင်ကို ရင်စေ့လောက်ထိရောက်အောင် မသိမသာ ဖြည်းဖြည်းချင်း ဆွဲတင်လိုက်ပြီးမှ သတိမထားမိအောင် အပြုံးလေးစွက်ပြီး ပြောလိုက်ရသည်။

"ဟိုဟွာလေး...ညတုန်းကလည်း ထမင်းမစားဘဲ အိပ်လိုက်ပြီး အခုလည်း ၁၀ နာရီ လောက်မှ နိုးလာတာဆိုတော့ ကော ဗိုက်လည်းအတော် ဆာနေပြီ...အဲ့တာ ကောကို တစ်ခုခု သွားမှာပေးပါလား..."

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now