အပိုင်း ၃၂

Start from the beginning
                                    

အခုတော့ အချိန်တွေအကြာကြီး အိပ်လိုက်မိသည့်အတွက်ကြောင့် သူ၏တစ်ကိုယ်လုံးလည်း အညောင်းအညာမိပြီး ကိုက်ခဲနာကျင်လို့နေလေသည်။ အိပ်တာကလည်း..
အားယွင် အခန်းက မွေ့ရာနဲ့မဟုတ်ဘဲ
ဟိုတယ်က မွေ့ရာဖြစ်နေတာ​ကြောင့် သူ့ခန္ဓာကိုယ်ကကျင့်သားမရဘဲ အခုလို ကိုက်ခဲနေတာမျိုးဖြစ်လောက်သည်။

အိပ်ရာ အပြောင်းအလဲ ဆိုတာ ခရီးတစ်ခါသွားတိုင်း အတော်လေးကို ဒုက္ခပေးတတ်မှန်း သူကြုံမှ သိရတော့သည်။
ပြီးတော့ အိမ်မက်...ဟုတ်တယ်...အဲ့အိမ်မက်...
အဲ့အိမ်မက်ကြောင့် ညတုန်းက သူ တစ်ညလုံးကောင်းကောင်းမအိပ်လိုက်ရဘူး..
သူ ...ကျိန်စာများမိနေတာများလား...
ဒီလို အိမ်မက်မျိုးကို သူ မကြာခဏ မက်မက်နေတတ်သည်လေ...။ ဒီတစ်ခေါက်က အဆိုးဆုံး...
မက်ဖူးသမျှထဲက ကြောက်စရာအကောင်းဆုံး...
ဒီလို အိမ်မက်မျိုးနောက်ဆက်မမက်အောင် သူဘာလုပ်သင့်သည်နည်း...

လောလောဆယ်တော့ ကိုက်ခဲညောင်းညာနေတာတွေ ပြေပျောက်လန်းဆန်းသွာအောင် ရေအရင်ချိုးမှသာ အဆင်ပြေပေလိမ့်မည်။ အဲ့ဒီ အိမ်မက်က ညအချိန်မှာသာ ဒုက္ခပေးတတ်သည့် အရာဖြစ်နေသ၍ သူကတော့ ညဘက် မက်မှသာ ကြောက်ချင်ကြောက်လိမ့်မည်။ အခုက နေ့ခင်းလေ ဒီအိမ်မက်က ဘာလုပ်ရမှာလည်း...  စိတ်ကူးထဲတောင် မထည့်ဘူး...

ရှောင်ဟန်က ကိုယ့်အတွေးနဲ့ ကိုယ်ကျေနပ် ဘဝင်ဟပ်နေသည့် မျက်နှာချိုးနဲ့ ထိုင်ရာမှ ထရန်ပြင်လိုက်တော့သည်။

သို့သော်လည်း အဖြစ်ပျက်တစ်ခုကြောင့် ရှောင်ဟန်တစ်ယောက် လုပ်ဆောင်ချက်ကိုတောင် ဆက်မလုပ်နိုင်တော့ဘဲ ပြန်ထိုင်လိုက်မိတော့သည်။

ရှောင်ဟန်က ခြုံစောင်အောက်ကို တစ်ချက် ငုံ့ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာနဲ့ပင် ခေါင်းကုပ်လိုက်မိသည်။

သူတကယ်ကြီး အံ့သြကြောင်အနေမိသည်။
သူ မယုံကြည်နိုင်သေးဘူး...ဒါပေမဲ့ သူ့ရဲ့ အောက်ပိုင်းတစ်နေရာက သူ့ကို ဟုတ်မှန်နေကြောင်း ခေါင်းငြိမ့်ပြနေသလိုပင်။

ပြီးတော့ အခုမှသူခံစားမိလိုက်တာက သူရဲ့ ဘောင်းဘီအတွင်းက ရွှဲစိုနေကြောင်းကို...

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now