ဒုတိယနှစ်...ငယ်ထွေးကိုလွမ်းရတာ ခုဆို နှစ်နှစ်ရှိခဲ့ပြန်ပြီ။ လွမ်းနေဆဲပါပဲ ငယ်ထွေးရယ်။

ဗန်းမောက်မှာတော့...ဘဂျမ်းအလုပ်တွေ အဆင်ပြေတယ်။ သူဌေးကောင်းနဲ့တွေ့ပြီး မိတ်ဆွေကောင်းစောင့်ရှောက်တဲ့အတွက် ဘဂျမ်းဘဝ တစ်ဆစ်ချိုးပြောင်းခဲ့ရပြီ။
ဘဂျမ်းက မိဘအပေါ်သိတတ်တယ်။
အပေါင်းအသင်းမိတ်ဆွေအပေါ်လဲ သိတတ်တယ်။
မဟုတ်တာ မလုပ်ခဲ့..မပြောခဲ့တဲ့လူ။
လူ့ကံကြမ္မာဆိုတာ သူလုပ်ခဲ့တဲ့လုပ်ရပ်အပေါ်ပဲမူတည်တာပါ။
အတိတ်ကံနည်းပါးခဲ့ပေမဲ့ ပစ္စုပန်မှာတော့ ဘဂျမ်းအသက်ရှင်နေထိုင်မှုက ရိုးရှင်းတယ်။
ဒါကြောင့် ကံအလှည့်အပြောင်းမှာ ကူညီစောင့်ရှောက်မဲ့သူတွေနဲ့ တွေ့ရတယ်။

ခုဆို...ဘဂျမ်း လုပ်ကွက်တွေတိုးပြီးလုပ်လာရတယ်။
ကိုယ်ပိုင်လုပ်ကွက်တွေ ဝင်ဆွဲနိုင်ပြီ။
ဆွဲသမျှ လုပ်ကွက် ရွှေအောင်တယ်။
တကယ်ပဲ ဒီအလုပ်က ဘဂျမ်းနဲ့အကျိုးပေးတယ်ပဲ ပြောရမယ်။
ဘဂျမ်း ငွေတွေအများကြီးရှာနိုင်ခဲ့ပြီ။
အချိန်နှစ်နှစ်အတွင်းမှာ သင့်တင့်တဲ့ပိုင်ဆိုင်မှရှိခဲ့ပြီ။
တစ်ခုပဲ... ဘယ်လောက်ပဲ အခြေအနေပြောင်းလဲသွားပါစေ။ ငယ်ထွေးကို မေ့မရနိုင်ဘူး။
တစ်ခါတစ်လေ တွေးမိတယ်...ပိုင်ရှင်ရှိသွားတဲ့ ငယ်ထွေးကိုလွမ်းနေရတာ အပြစ်တွေများဖြစ်နေမလားလို့လေ။

ဘဂျမ်းက ရွှေလုပ်ကွက်တွေ ပိုများလာတယ်။ အလုပ်သမားတွေလဲ ထပ်ပြီးခေါ်ရတယ်။
ဒါပေမဲ့ ကိုယ့်သူဌေးကုမ္ပဏီလက်အောက်ကနေပဲ သွားတယ်။ ဘယ်တော့မှ ကိုယ့်ပစ္စည်းတွေကို တခြားကုမ္ပဏီကိုမရောင်းဘူး။
ထွက်လာတဲ့ကုန်ကြမ်းကို အချောဖြစ်ဖို့လဲ အဆင့်ဆင့်လိုသေးတာကိုး။
သူဌေးကတော့ အချောထည်ပိုင်းကို တစ်ဆင့်တက်တယ်။ အကြမ်းပိုင်းတော်တော်များများက ဘဂျမ်းလက်ထဲရောက်လာတယ်ပေါ့။
တောထဲကကို မထွက်ဘူး...ဘဂျမ်းအလုပ် လုပ်ချက်တွေက...ကိုဝင်းအောင် တားယူနေရတယ်။
ဘာကြောင့်ဆို...ဘဂျမ်းက အဖျားအနာသတိထားရတယ်။ ဘဂျမ်းက ရာသီအေးလို့လဲ အရက်သောက်ပြီးနွေးအောင်မလုပ်တဲ့သူဆိုတော့ အဖျား အနာမကင်းဘူး။
အလုပ်ကို ကိုယ်တိုင်ဖိဖိစီစီးလုပ်ရင်း တောထဲမှာပဲအချိန်ပြည့်ရှိနေတတ်တယ်။
ပိုက်ဆံ အတော်အသင့်ချမ်းသာပြီဆိုပေမဲ့ ဘဂျမ်းအနေအစား ပြောင်းလဲသွားတာဘာမှမရှိဘူး။
အရင်အတိုင်းပဲ....
ကုန်ကုန်ပြော​ပြရရင်...မှော်ထဲကို လာတုန်းကယူလာတဲ့အဝတ်ပဲဝတ်တယ်။ တစ်ထည်မှ အသစ်မဝယ်ဘူး။
တစ်ချို့အိကျီလေးတွေဆို ပေါက်ပြဲနေပြီ..ဒါပေမဲ့ လွှတ်မပစ်ဘူး...ဝတ်နေတုန်းပဲ။
ဘဂျမ်းအားလုံးနားလည်ပေးပေမဲ့ သူ့အဝတ်တွေကို မှားဝတ်တာမျိုးကိုတော့ ခွင့်မလွှတ်ဘူး။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now