"တိုက်ဆိုင်မှုတေတွေ့တိုင်း အကို့ကိုသတိရနေမိ
တယ်ဂျင့်ဘဝမှာအခုဆို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့
လုပ်ကိုင်နိုင်တဲ့ခွန်းအားတွေလည်းရှိလာပီ ဒါတွေဘာကြောင့်လည်းတော့ ဂျင်မသိဘူး ဂျင်သိတာကအကိုကြောင့် ဂျင်အဓိပ္ပာယ်ရှိတဲ့နေ့ရက်တွေကိုဖြတ်သန်းလာနိုင်ခဲ့တယ် ဒါကိုအချစ်လို့ခေါင်းစဉ်တပ်မယ်ဆို
ရင် ဟုတ်တယ်ဂျင်အကို့ကိုချစ်မိသွားပီ"
-------------------------------------------------

ကောင်လေးနဲ့ခွဲခွာသွားပီးနောက်ပိုင်း ပထမဆုံးအ
ကြိမ်ဂုံးကျော်တံတားလေးပေါ်ရောက်ဖြစ်ခြင်း
ဖြစ်သည်။

ရှုခင်းတွေကအရင်တုန်းကလိုလှပနေဆဲပင်...။

ကင်မရာfocusချိန်ရင်းထိုရှုခင်းတေကိုရိုက်မိ နေသည်။ထိုအချိန်သူ့ focusထဲကိုဝင်လာတဲ့
ကောင်လေးရဲ့ပုံရိပ်....

သူမယုံနိုင်စွာကင်မရာကိုဖယ်ပီးကြည့်တော့
သူစောင့်ဆိုင်းနေခဲ့ရတဲ့သူရဲ့မျှော်လင့်ချက်လေး...

ကြည်နူးမိစွာ ကောင်လေးရဲ့ဓာတ်ပုံကိုရိုက်ရန်zoomညှိတော့ focusထဲကိုထပ်ဝင်လာတဲ့နောက်
ထပ်ကောင်လေးတယောက်။

ဓာတ်ပုံရိုက်ရန်ပြင်နေသောသူ့လက်များ အခုတော့
ရပ်တန့်သွားရသည်။ကောင်လေးအရင်ကပြောခဲ့ဖူးတဲ့စကားကိုလည်း နားထဲပြန်ကြားလာတော့သည်။

"ဂျင်ကလက်ထပ်ရတော့မှာ"

မျက်နှာပေါ်တွင်ကိုယ့်ကို ကိုလှောင်ပြုံးတခုရွယ်ရင်း...
ကောင်လေးကိုပြန်တွေ့တော့လည်း ကောင်လေးမှာ
ဆိုင်သူရှိသွားပီကိုး....

​သူပိုပီးခံစားရမည်ဆိုးသောကြောင့်ကောင်လေးကို
လည်းသွားမနှုတ်ဆက်တော့ဘဲ တံတားအောက်ကို
ဆင်းလာလိုက်သည်။ထိုအချိန်အနောက်ကနေ ကြားလိုက်ရတဲ့အသံလေး...

"အကိုထယ်ယောင်း.."ကောင်လေးခေါ်တာကိုလှည့်မကြည့်မိသောကြောင့် နောက်တခါထပ်ခေါ်ရှာသည်။

"အကိုထယ်ယောင်း.."

ပျက်ရွင်းနေတဲ့သူ့မျက်နှာကိုပြင်ကာကောင်လေး
ဘက်ကိုလှည့်ကြည့်တော့ ကောင်လေးကပြုံးပီးသူ့ဆီပြေးဆင်းလာသည်။

A NyiWhere stories live. Discover now