"ဟမ်...ကောင်းပါတယ်"

"သြော်...အင်းပါ"

လပြည့် သူ့အရှေ့ရှိဟိန်းထက်အားကြည့်နေမိသည်။

သူရွေးချယ်ခဲ့သည် တစ်စုံတစ်ဦးအား...။ထိုလူက ဟိန်းထက်ပင်။ဟုတ်သည်။သူဟိန်းထက်ကိုချစ်မိသွားခဲ့သည်။သူအစကထင်ခဲ့သည်။နဒီနှင့်ဟိန်းထက်နှစ်ယောက်လုံးကိုချစ်နေသည်ဟု။သို့ပေသည့် သူသေချာသိခဲ့တာကသူဟိန်းထက်အားချစ်မိနေခြင်းကိုပင်။သူနဒီ့၏လိုအပ်ချက်များ၊ဆန္ဒများကိုဖြည့်ဆည်းပေးချင်မိတာကို အချစ်ဟုသတ်မှတ်ခဲ့သည်ထင်ပါသည်။ထို့အတွက်နဒီ့အားလွယ်လွယ်ကူကူပင် သူကလည်းချစ်ပါတယ်ဟုပြန်ဖြေခဲ့မိခြင်း။သူ့၏ထိုလုပ်ရက်အတွက် နဒီ့အားအမှန်အတိုင်းပြောပြီးရင် နဒီစိတ်ကျေနပ်တဲ့အထိတောင်းပန်မည်ဟုလည်း သူစဥ်းစားထားသည်။အရာအားလုံးအတွက် နဒီ့ကိုတောင်းပန်မည်ဟု။


************************

"မေမေ...ကျွန်တော်ဒီတစ်ခါမွေးနေ့ပွဲကိုအိမ်မှာပဲလုပ်တော့မယ်"

လပြည့်မိခင်အားပြောနေခြင်းဖြစ်သည်။

"အင်း...လုပ်လေသားရဲ့။ဘာလိုလိုနဲ့ငါ့သားလေးတောင် ၂၅နှစ်ပြည့်ပြီပေါ့။လူကြီးလေးတောင်ဖြစ်လာပြီ...။သားမွေးနေ့ကိုတော့ သားသူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးလုပ်ပေါ့..။မေမေကနေ့အဲ့နေ့မတိုင်ခင်မှာ မေမေ့ သူငယ်ချင်းတွေနဲ့ဘုရားဖူးသွားမလို့..မေမေမရှိလည်းအဆင်ပြေတယ်မလား?"

"အာ..ပြေပါတယ်မေမေရယ်။စိတ်ချလက်ချသာသွားပါ"

"ဟုတ်ပါပြီရှင်"

လပြည့် သူ၏စိတ်အစုံမှာသေချာသွားသည့်အတွက် သူအခုရက်ပိုင်းပေါ့ပါးနေမိသည်မှာတော့အမှန်ပင်။

သို့ပေသည့်အခုတလော နဒီမှသူ့အားဖုန်းတောင်မဆက်လာပေ။သူဆက်သည့်အခါတွင်လည်း ဆက်ပိတ်ထားသည်နှင့်သာတိုးနေလေသည်။ထို့အတွက်ကိစ္စအားလုံးကို နဒီ့အားအခုထိမပြောရသေးပေ။

<<<<<<<<<<<<<>>>>>>>>>>

သာယာလှပသောညနေခင်းလေးနှင့်အတူ ခြံဝန်းထဲမှာပွဲငယ်လေးတစ်ပွဲကိုကျင်းပနေလေသည်။ထိုပွဲကတော့ လပြည့်၏မွေးနေ့ပွဲပင်။

ကမ္ဘာမြေအဆုံးထိ....♥(ကမာၻေျမအဆုံးထိ....♥)《Completed》Where stories live. Discover now