ရီပေါ်က ရှောင်ကျန့်နောက်ကနေလိုက်ရင်း ပြတင်းပေါက်အပြင်ဘက်က သစ်ပင်ပေါ်မှာ ဒဏ်ရာရနေတဲ့ ငှက်လေးတစ်ကောင်ကို မြင်သွားတာကြောင့် သွားကူညီဖို့ ​ကျန်ခဲ့တာဖြစ်တယ်။ သစ်ပင်ပေါ်ကို တွယ်တက်သွားပြီး ငှက်ကလေးစီရောက်တော့ လှမ်းယူကာ အောက်ပြန်​ဆင်းမယ်လုပ်​တော့ သူခြေထောက်တင်ထားတဲ့ သစ်ကိုင်းက ကျိုးသွားပြီး အောက်ကို ပြုတ်ကျသွားပါတော့တယ်။ ရီပေါ်လဲ ကြောက်ပေမဲ့ ငှက်ကလေးကို ရင်ဘက်ထဲမှာ ပွေ့ထားပြီး မြေပြင်ပေါ်မကျခင်မှာ ကြီးမားတဲ့ လက်တစ်စုံက သူကို ပွေ့ဖက်လိုက်တယ်ဆိုတာဘဲ။ ထိုသူက သူကို ချီရက် အောက်ကနေဖမ်းလိုက်ခြင်းဖြစ်တယ်။

ရီပေါ်ရဲ့ လက်တစ်ဖက်က ထိုသူရဲ့ လည်ပင်းကိူ ဖက်ကာ နောက်လက်တစ်ဖက်က ငှက်လေးကို ပိုက်ထားလေသည်။ ရီပေါ်လဲ ခဏကြာတော့ မျက်လုံးကို ဖွင့်ကြည့်လိုက်တယ်။ သူ့ကို ချီထားသူက အရပ်၆ပေကျော် အသားဖြူဖြူ ထောင်ထောင်မောင်းမောင်းနဲ့ နက်ဆွေနေတဲ့ မျက်လုံးတစ်စုံလဲရှိတယ်။ အလွန်ဘဲ ဆွဲဆောင်မှု ရှိပါတယ်။ မိန်းကလေးများဟာ ထိုသူကို စိုက်ကြည့်နေကြပြီး တီးတိုးပြောနေကြတယ်။

"ငါတို့ တက္ကသိုလ်မှာ ရှောင်ကျန့်ကို အချောဆုံးထင်​တာ အခု​​တော့ သူ့ကို ပြိုင်မဲ့သူပေါ်လာပြီဘဲ"

"အေးနော် အရမ်းချောတယ် ငါတော့ သူ့ကို ကြွေသွားပြီ"

"ကြည့်ပါအုံး မျက်တောင်ရှည်ရှည်နဲ့ နှုတ်ခမ်းပါးလေး

"ဒါနဲ့ ဟိုကောင်လေးကဘာတုန်း ချောတဲ့ကောင်လေးတိုင်းသူ့လက်က မလွတ်ဘူး"

ထိူသူလဲ ရီပေါ့်ကို ချကာ ပြုံးရင်း နွေးထွေးတဲ့အသံနဲ့ပြောလိုက်တယ်။

"လက်ထဲက ငှက်ကလေးလား"

"အင်း ဒါနဲ့ ကျေးဇူးနော် မဟုတ်ရင် ငါ်အရိုးတွေကျိုးကုန်လောက်ပြီ"

"ကိစ္စမရှိပါဘူး"

"ငါ့နာမည်က ရီပေါ်ပါ တွေးရတာဝမ်းသာပါတယ်"

"ငါက စီဖုန်းပါ "

"မင်းကို မတွေ့ဖူးဘူး"

Love poison S2 ကမ္ဘာတည်​သ၍ချစ်နေမယ်(Complete)Where stories live. Discover now