*ရပြီ အဆိုးလေး*

ရိပေါ်ရှေ့ကို ကော်ဖီခွက်လေး လာချပေးကာ ဆံပင်လေးကိုလဲ ခပ်ဖွဖွပွတ်သပ်နေသေးသည်။

*အလုပ်မရှိဘူးလား သွားလေ*

*ဟုတ်ပါပြီ အဆိုးလေးရာ။ ဒါဆို ကိုယ်သွားပြီနော် အလုပ်လုပ်လိုက်အုံးမယ်*

ရိပေါ် အသာခေါင်းညိမ့်ပြလိုက်သည်။ ရိပေါ် ရှောင်းကျန့်ကို နှင်ထုတ်သည်ဆိုတာလဲ သူအလုပ်လုပ်တာ နောက်ကျမည်စိုး၍။

အခုမှ အလုပ်ဝင်တယ် အခု အလုပ်ထုတ်ခံရမည် စိုးလို့ အလုပ်ကို ပြန်သွားလုပ်ခိုင်းခြင်းပင်။ရိပေါ်က ချိုချိုသာသာ မပြောတတ်တော့ ပိုဆိုးသည်။ ရှောင်းကျန့် စိတ်ထဲ ဘယ်လိုထင်သွားမည်လဲ မသိ။

သို့ပေမယ့် ပြုံးရွှင်နေသည့် ရှောင်းကျန့်မျက်နှာက ရိပေါ်ပြောသည်ကို စိတ်မဆိုးမှန်း သိသာလေသည်။ အလုပ်လုပ်နေရင်းလဲ ရိပေါ်ကို တကြည့်ကြည့်နှင့် ရယ်ပြနေလေသည်။

ထိုပုံစံကိုပင် ကောင်မလေးအချို့က ဓာတ်ပုံရိုက်နေကြပြန်သည်။ ရိပေါ်ဘာကို စိတ်တိုသွားမှန်းမသိ။ ရှောင်းကျန့်ကို ကြည့်လိုက်တော့လဲ ရိပေါ်ကို ရယ်ပြနေဆဲ။

ရိပေါ် ပိုက်ဆံကို အနီးနားမှာရှိသည့် ဝိတ်တာကို ခေါ်ကာ ရှင်းလိုက်ပြီး ထိုဆိုင်ထဲက ထွက်လာခဲ့သည်။ အနောက်က ကျန်ခဲ့သည့် ရှောင်းကျန့် ဘယ်လိုဖြစ်နေလဲ မသိချင်။

အဲ့အမြဲရယ်နေတဲ့ မျက်နှာကြီးကို ကုပ်ဖဲ့ပစ်ချင်သည်။

________________________

*ရိပေါ်..!*

ရှောင်းကျန့် အလုပ်ပြီးတော့ ရိပေါ်က ဆိုင်ရှေ့တွင် ကားလေးဖြင့် ရပ်စောင့်နေလေသည်။ ရှောင်းကျန့် ရိပေါ်အနား သွားကာ ဖက်မလို ပြင်လိုက်ပေမယ့် မဖက်ဖြစ်လိုက်။

သူက တစ်နေ့လုံး အလုပ်လုပ်ထားရသည်။ ရိပေါ် အဝတ်အစားတွေကို ကြည့်လိုက်တော့ မီးပူတိုက်ထားတာ ကော့ပြန်ပြီး သစ်လွင်နေသည်။ ရိပေါ်၏ အဝတ်အစားတွေ ချွေးနံ့စွဲမည်စိုး၍ သူ၏ ဖက်ချင်စိတ်ကို ချိုးနှိမ်ပစ်လိုက်သည်။

*ဘာလုပ်နေတာလဲ အဆိုးလေး*

ပီကေဝါးကာ မှုန်ကုပ်ကုန်လေး ကြည့်လာသည့် ကောင်လေးကြောင့် ရှောင်းကျန့် ရယ်ပြလိုက်သည်။ နေ့လည်က ကော်ဖီဆိုင်တွင်လဲ ဆူပုတ်ကာ မျက်နှာထားတင်းတင်းနှင့် ထွက်သွားသည့် ကောင်လေးကို နားမလည်စွာ ရှောင်းကျန့် ကြည့်နေခဲ့ရသည်။

For..Where stories live. Discover now