"ရှောင်းကျန့် "

"ကိုကို "

ရိပေါ်ကိုမြင်တော့အဲလစ်က ထကာရယ်ပြသည်။ ခေါ်လိုက်တဲ့သူကတော့ ဦးထုပ်ကိုပိုငိုက်ဆိုက်လုပ်ပြီး ထ ထွက်ရန်ပြင်သည်။

"ရှောင်းကျန့်"

ထပ်ခေါ်လိုက်တော့ လှမ်းနေတဲ့ခြေလှမ်းတွေတုန့်ခနဲရပ်သွားသည်။ရှောင်းကျန့်နားအမြန်လျှောက်သွားပြီး ပခုံးကနေကိုင်ကာဆွဲလှည့်လိုက်တယ်။အဲလစ်ကတော့ သူ့ရှေ့က ကိုကိုနှစ်ယောက်ကို မျက်လုံးလေးအပြူးသားနဲ့ကြည့်နေသည်။

"ရှောင်းကျန့် ခင်ဗျားမလား"

ပြန်မဖြေတာကြောင် ့ အသံကမာသွားပြိး ဦးထုတ်ကို ဆွဲချွတ်လိုက်သည်။ တကယ်ဘဲ ရှောင်းကျန့်။

"ကောင်လေး"

ရိပေါ်အနောက်ကို နှစ်လှမ်းဆုတ်သွားသည်။ရှောင်းကျန့်က ရိပေါ်အနားလိုက်တိုးတော့ ရိပေါ်ကလက်ကာပြရင်း အဲလစ်ရဲ့တစ်ဖက်မှာဝင်ထိုင်လိုက်သည်။

"အလုပ်ကပြန်ရောက်နေတာကြာပြီလား"

ရိပေါ်အမေးကြောင့် ရှောင်းကျန့်လဲအဲလစ်ရဲ့ဘေးတစ်ဖက်မှာဝင်ထိုင်လိုက်ရင်း

"အင်း  နည်းနည်းကြာပြီ"

"လိမ်တယ်...ဘယ်တုန်းကအလုပ်သွားလို့လဲ"

"ကောင်လေး စာမေးပွဲဖြေနိုင်လား"

မေးတာတစ်ခြားဖြေတာတစ်ခြားကြောင့် အဲလစ်ကိုကျော်ပြီး ရှောင်းကျန့်ကို စိုက်ကြည့်သည်။ရိပေါ်လက်လေးထဲ အဲလစ်က ချိုချဥ်လေးထည့်ပေးလိုက်ကာ ကိုကိုနှစ်ယောက်ကြားမလှုပ်ဘဲ ငြိမ်ကုတ်ကုတ်လေးပြန်ထိုင်နေသည်။

"ကောင်လေးကိုယ်ကလေ.."

"လွမ်းနေတာ"

လက်ထဲကချိုချဥ်ကိုကြည့်ရင်း ခပ်ဆွေးဆွေးဆိူလာတဲ့ ရိပေါ်ကြောင့်ရှောင်းကျန့်ဆက်ဖြေရှင်းမည့်စကားများတောင် တန်းလန်းဖြစ်သွားသည်။

"ကောင်လေး "

"ကျွန်တော်က...ဘာမှမဟုတ်တော့ဘူး"

ရှောင်းကျန့်လက်နှစ်ဖက်ယှက်နွယ်ပြီး စကားစရှာနေရသည်။အမှန်ဆို မိတော့မဲ့အခြေနေဖြစ်ဖြစ်ခဲ့တာကြောင့်အရင်ချိန်တွေထက်ပိုစောထွက်လာခဲ့တာ။အခုလိုတွေမိမယ်လို့မထင်ထားဘူး။ပြီး ပြီးတော့ ကောင်လေးက လွမ်းနေတာတဲ့လား။

Candy love ( Completed )Where stories live. Discover now