Healing Love (30)

Start from the beginning
                                    

Chanyeol ချထားခဲ့တဲ့ ဖုန်းကို အားသွင်းပေးပြီး ချွတ်ခဲ့တဲ့ အဝတ်တွေကိုလည်း မနေ့က အဝတ်တွေနဲ့ ပေါင်းကာ လျှော်စက်ထဲ ထည့်ပေးလိုက်၏။ အစ်ကိုက မလုပ်ခိုင်းပေမယ့် ကျွန်တော်ကိုက အစ်ကိုနဲ့ ပတ်သက်ရင် အစစအရာရာ ကိုယ့်လက်ကိုယ့်ခြေ ဖြစ်ချင်နေတာ ။

လုပ်စရာရှိတာလုပ်ပြီး ညစာပြင်နေတုန်း ရေချိုးခန်းထဲက ထွက်လာ၏၊

" ပြီးရင် ထွက်ခဲ့နော် အစ်ကို ... ကျွန်တော် မေမေ့ဆီကနေ ဟင်းဝင်ယူလာတယ် "

" အင်း အင်း "

ညစာတော့ ဝင်အောင်စား၏။
ဒါပေမယ့် မျက်လွှာချထားကာ စကားမပြောဘူး ။  Baekhyun ကလည်း မမေးဖြစ်။

ညစာစားပြီး အစ်ကိုက ပန်းကန်ဆေး တာဝန်ယူထားတာကြောင့် အစ်ကို ပန်းကန်ဆေးနေချိန်ဆို ကျွန်တော်က TV ဖွင့်ထားပြီး အစ်ကို့ကို စောင့်နေတတ်သည်။ ဒါက ညတိုင်း လုပ်ရိုးလုပ်စဥ်ပင်။
အခုလည်း  TV လိုင်း ရှာနေတုန်း အသီးပန်းကန်လေးနဲ့ ဘေးမှာ လာထိုင်၏။

ထို့နောက် ကျွန်တော့်ကို ပွေ့ကာ သူ့ပေါင်ပေါ် တင်ထားပြန်သည်။ ကျွန်တော့် လက်တစ်ဖက်ကိုလည်း သူ့ လက်ဖဝါးထဲ ထည့်ထား၏။

" ချစ်စရာလေး "

ဆိုကာ လက်ချောင်းထိပ်လေးတွေကို နှုတ်ခမ်းနှစ်ခုကြား ထည့်ကာ မနာအောင် ကိုက်နေသည်၊

" အစ်ကို ဘာဖြစ်လာတာလဲ "

" ဘာဖြစ်လာတယ် ထင်လို့လဲ ကောင်လေးက "

ဝေ့လည်ကြောင်ပတ်နဲ့ ပြောရမယ့်စကားကို မပြောတာကြောင့်  Baekhyun  စိတ်တိုလာ၏။ အသက်ရှုသံ မြန်လာတာက နဂါးပေါက်လေး နှာမှုတ်နေတဲ့အတိုင်း....

" စိတ်လျှော့လေကွာ.... "

ရယ်သံနှောပြီး နူးနူးညံ့ညံ့လေး ပြောလာတဲ့ Chanyeol ကြောင့် Baekhyun လေးတစ်ယောက် စိတ်လျှော့ရ၏။ စတွေ့ကတည်းက သူ ဒီ ခပ်သြသြအသံကို သိပ်သဘောကျခဲ့တာမလား။

" ကောင်လေး သိလား... ကိုယ် အခု ဥပဒေအရာရှိ မဟုတ်တော့ဘူး "

" ဗျာ ! "

Baekhyun တကယ် စိတ်ပူသွားရသည်။
အမှုကိစ္စကြောင့် အလုပ်ကိုပါ ထိခိုက်မလားဆိုတဲ့ စိုးရိမ်မှုက အမြဲဝင်နေခဲ့သည်မို့ အခု အစ်ကို့စကားကြားတဲ့အခါ ပိုစိတ်ပူရ၏။

Healing LoveWhere stories live. Discover now