တာဝန်တွေကြားမှာ...
နောက်တစ်နေ့ နေ့လည်ပိုင်း...အခန်းပြန်အပ်ပြီး...လက်ဆောင်လေးဘာလေးဝယ်ပြီး..ရန်ကုန်ကိုပြန်ခဲ့ကြတယ်။
ဖြေးဖြေးပဲမောင်းလာတာမှာမို့ ညနေစောင်းမှ ရန်ကုန်ရောက်တယ်။
ရောက်တာနဲ့ လင်းသန့်ကြည်က အိမ်ထဲဝင်ရှိတဲ့လူနဲ့အရင်အလွမ်းသယ်တယ်။ ပြန်မရောက်ကြသေးတဲ့ဘူတွေကတော့ ပြန်ရောက်မှ အလွမ်းသယ်မယ်ပေါ့လေ။
မေမေ့တို့အိမ်မှာငါးရက်...ချောင်းသာနှစ်ရက် စုစုပေါင်း ခုနှစ်ရက်ဆိုတော့ အန်တီထားနဲ့အန်တီရှိန်က အိမ်ဝထိပြေးထွက်လာပြီးဖက်ကြတော့တယ်။
ဘဂျမ်းက ကားရေဆေးဖို့ပဲလုပ်နေတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် မောင်နဲ့တော့ဒီည တွေ့လို့မရတော့ဘူးပေါ့။
မနက်ဖန်အလုပ်ဝင်ရတော့မှာရယ်...ဝတ်ရည်ပြန်လာရင် ပြောစရာပုံနေမှာကို နားထောင်ပေးရမှာရယ်ကြောင့် ဒီနေ့တော့ မောင်နဲ့အတူမရှိနိုင်တော့ဘူး။ဝတ်ရည်ကို အာကာကအိမ်ပြန်လိုက်ပို့ပေးတယ်။
ဝတ်ရည့က ရောက်တာနဲ့ ဖုန်းတစ်ချက်မဆက်ရကောင်းလားဆိုပြီး ပွစိလန်တော့တာပဲ။
စကားက ပြောစရာတွေတကယ်ပဲ ပုံလို့...ဆေးခန်းအကြောင်း...ဆေးရုံအကြောင်း..အိမ်အကြောင်း...သူငယ်ချင်းတွေအကြောင်းပေါ့။ နေ့တိုင်းပြောနေကြအကြောင်းတွေကို တစ်ပတ်စာ စုပြီး ပြောကြ ဆိုကြနဲ့ဆိုတော့ နောက်ကျမှ အိပ်ယာဝင်ဖြစ်ကြတယ်။
.
.
.
မနက်စောစော ဘဂျမ်းအိပ်ယာထပြီး ပြင်ဆင်စရာရှိတာပြင်ရတယ်။
ငယ်ထွေးအလုပ် သွားရမယ်လေ။
ပုံမှန်အတိုင်းလည်ပတ်နေရတဲ့အလုပ်တွေကြားပြန်ရောက်သွားရပြီ။
ဆေးရုံနဲ့ဆေးခန်းကြားမှာ ဗျားများသွားရပြန်တယ်။
နှစ်သစ်ကူးပိတ်ရက်တွေကြောင့် အလုပ်တွေများတယ်။
ဘဂျမ်းကတော့ ဆိုင်ကယ်ကိုလဲမောင်းရင်း...ငယ်ထွေးကိစ္စတွေလဲ ကူလုပ်ပေးရင်းပေါ့။ဒီနှစ် သင်္ကြန်ကျော်ရင် ဝတ်ရည်နဲ့အာကာ စေ့စပ်ပွဲလုပ်ဖို့စီစဥ်နေကြတယ်။
လက်ထပ်တာကတော့ နောက် နှစ်နှစ်လောက်မှလို့ပြောတယ်။
အရင်ကဆို ဝတ်ရည်အိမ်ထောင်ပြုရင် တစ်ယောက်ထဲကျန်ခဲ့ရမှာစိုးလို့ နေပါအုံး ငယ်ပါသေးတယ်ဆိုပြီးတားဆီးတတ်တဲ့ လင်းသန့်က ခုတော့ အေး အေး စေ့စပ်ထားပေါ့ ကောင်းသားပဲတွေ ဘာတွေလုပ်ကုန်ပြီ။
ဝတ်ရည်မရှိလဲ...မောင်ရှိတယ်လေ။
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....