အပိုင်း- ၇

Beginne am Anfang
                                    

ကိုကိုက ဆိုင်မှာလိုက်ကျွေးတော့ သူထမင်းချိုင့်ကြီးထားခဲ့ပြီး ကျွန်တော်တို့နှင့်လိုက်စားသေးသည် ။ ကျွန်တော့်အကြိုက် မှာထားသည့်ဟင်းပွဲများသည် သူ့လက်ချက်ဖြင့် ကိုကို့ပန်းကန်ထဲပြည့်ကုန်သည် ။

ကိုကိုကလည်း တစ်ချက်မငြင်း ။ "ငါ့မှာလက်ပါ ပါတာတယ်" ဆိုသည့်ကိုကို့စကားက သူမအပေါ်မထိရောက် ။

ဘယ်လောက်ပင် ရိုးရှင်းစွာမြန်မာဆန်တယ်ဆိုပေဦးတော့ ကျွန်တော့်မျက်လုံးထဲတွင်တော့ သိပ်ကိုဆိုးသွမ်းနေလှသည် ။

ကိုကိုနှင့်ပတ်သက်၍ အဖြေမရှိသော မေးခွန်းများကိုဆက်တိုက်မေးခဲ့သည် ။

ကျွန်တော်ကိုကို့ ကိုချစ်မိနေခြင်းလား ဆိုသည့်မေးခွန်းအား ကျွန်တော်ဖြေ ဖို့ခက်နေပြန်သည် ။

ကျွန်တော်ယောကျ်ားတစ်ယောက်ကို ချစ်မိနေပြီလားဟူ၍ စိုးရိမ်စိတ်ဝင်ခဲ့သည် ။ ရုပ်ရှင်ထဲမှ မင်းသမီးများမြင်ရင်လည်း အများနည်းတူရင်ခုန်ခဲ့ရသည်လေ ။

ယောကျ်ားတစ်ယောက်ကိုချစ်ဖို့ဆိုတာ ဖြစ်နိုင်ပါလေမလား ။

ဆိုရှယ်မီဒီယာပေါ်မှ အလန်းဆုံးကောင်မလေးများပုံရှာကြည့်သည် ။ အများနည်းတူ သဘောကျသည်ပဲလေ ။

အပေါ်ပိုင်းဗလာဖြစ်နေသည့် မော်ဒယ်ကောင်လေး ပုံများလဲရှာကြည့်သည် ။ ကိုကို့တုန်းကလို ရင်ခုန်ခြင်း၊ ရှက်ခြင်း ၊သဘောကျခြင်းမျိုးမရှိ ။

ကျွန်တော်ခေါင်းခြောက်စွာဖြင့် ။

တစ်ဦးတည်းရှိသည့် ရရှိခဲ့ဖူးသည့် အမျိုးသားတစ်ဦးမို့ ကျွန်တော်ထူးကဲစွာခင်တွယ်ခြင်းသာဖြစ်ပေလိမ့်မည် ။

ဆေးရုံမှပြန်လာစဥ်က တစ်ခုခုဆိုဖုန်းဆက်ရအောင် ဖုန်းနံပါတ်ပေးထားပါဆိုတုန်းက ကျွန်တော်ဝမ်းသာစွာပေးခဲ့သည် ။

တကယ်ဆို ကျွန်တော်ကအရင်တောင်းခဲ့သင့်တာ ။ ကိုကိုက တစ်ခုခုဆိုမှဆက်မှာ ။ ကျွန်တော်ကတော့ ခဏခဏဆက်ဖြစ်နေမှာ ။

"ကိုမှူး....အန်တီလေးကထမင်းလာစားတော့တဲ့"

"မမမိငယ်... ဝင်လာခဲ့ဦး"

ညှို့မျက်ဝန်းမှာခကြွေသူ (Completed)Wo Geschichten leben. Entdecke jetzt