အပိုင်း- ၆

Start from the beginning
                                    

သူတစ်ယောက်တည်းကျန်ခဲ့မှာတော့ ကြောက်ရှာသေးသည် ။

ဌာနရောက်တော့ ထိုင်ခုံတစ်ခုမှာ ထိုင်ခိုင်းတော့ ချက်ချင်းဝင်ထိုင်သည် ။

"ကိုကိုဟိုမှာရှိနေမယ်....ညိမ်ညိမ်လေးထိုင်နော်...."

"ဟုတ်....ကိုကို"

ကျွန်တော့်အား ချစ်စရာကောင်းအောင်ပြုံးပြသည့်ကောင်လေး၏ခေါင်းကိုခပ်ဖွဖွပုတ်တော့ ဇက်လေးပုသွားသည် ။

ကျွန်တော် လူနာအခြေအနေများအား လိုက်ကြည့်သည် ။ စိတ်မချစွာ မှူးကိုကြည့်တော့ မိုင်လိုသောက်ကာ ငေးနေလေသည်။

ကျွန်တော်မှာထားသည့်အတိုင်း ထိုနေရာတွင်ငြိမ်နေခြင်းကြောင့် ကျွန်တော်စိတ်ချသွားသည် ။

တော်ပါသေးရဲ့....လိမ်မာလို့။

"နောက်ကျတယ်နော်....ကိုစစ်"

"အေးကွာလင်းဆက်...."

လင်းဆက်၏နာမည်အပြည့်အစုံမှာ လင်းဆက်ကိုဖြစ်သည် ။ လင်းဆက်နှင့်တော့ ဆေးကျောင်းရောက်မှခင်ကြခြင်းဖြစ်သည် ။

သို့သော်လည်း ငယ်ပေါင်းကြီးဖော်တွေအတိုင်းပင်ဖြစ်သည် ။ အကြင်နာနှင့်လင်းဆက်ကိုသည် ကျောင်းတွင်နာမည်အကြီးဆုံးထဲပါလေသည် ။

ကံကောင်းစွာဖြင့် ဆေးရုံတစ်ခုတည်းမှာပင် တာဝန်ကျကြလေသည် ။ ဌာနလည်းအတူတူပင်ဆိုတော့ ပိုအဆင်ပြေလေသည် ။ လင်းဆက်ကတော့ ဤမြို့ဇာတိဖြစ်သည် ။

"အရေးပေါ်....အရေးပေါ်"

ထိုအသံကြားတော့ ကောင်းကောင်းတောင်မနှုတ်ဆက်ရ ။ အပြေးအလွှားဖြစ်ရလေသည် ။

ယာဥ်မတော်တဆမှုလူနာအား ကြည့်ရှုစစ်ဆေးရင်း မှူးကိုလည်းလှမ်းကြည့်ရသည်။ မိုင်လိုသောက်နေရက်နှင့် တစ်ခါတစ်ရံ ကျွန်တော်နှင့်အကြည့်ချင်းဆုံတော့ပြုံးပြသေးသည်။

ကျွန်တော်လူနာအားတစ်လှည့် မှူးကိုတစ်လှည့်ကြည့်နေပုံကို သတိထားမိသည့်လင်းဆပ်က မေးငေါ့ပြသည် ။

ကျွန်တော်ခေါင်းခါပြလိုက်ပြီး လူနာပေါ်ပြန်အာရုံစိုက်လိုက်သည် ။ နေမြင့်လာသည်နှင့် လူစုံလာတော့သည် ။

ညှို့မျက်ဝန်းမှာခကြွေသူ (Completed)Where stories live. Discover now