" အင်း " ဆုနို ခေါင်းညိတ်လိုက်သည်။

" ဒါဆို မင်း ဖက်ရှင်ရှိုးပွဲတွေကို နည်းနည်းတော့ လျှောက်ဖူးလိမ့်မယ်ထင်တယ် " အိုးရန်လုံ မေးလိုက်ကာ "လောလောဆယ်တော့ ကိုယ်တို့ကုမ္ပဏီက T -themed showပွဲ တစ်ခုကိုစီစဉ်နေတာ မင်းမှာအကြံပေးချင်တဲ့ သင့်​တော်တဲ့သူများရှိမလား? "

" ကျွန်​တော့်ကို အကြံပေးစေချင်တာလား? " ဆုနို အနည်းငယ်အံ့သြသွားသည်။

"မင်းက အခုလက်ရှိလည်း မော်ဒယ်လောကမှာ အလုပ်လုပ်​နေတဲ့သူ​လေ ​​, ဒါကြောင့် ဒီစီမံကိန်း မစခင်ကတည်းက မင်းရဲ့ထင်မြင်ချက်ကို တစ်ချက် အရင် နားထောင်ကြည့်ချင်တယ်" အိုးရန်လုံရဲ့အဖြေက ပွင့်ပွင့်လင်းလင်းရှိပုံမရပေ။ "ဥပမာ အခုအချိန်ထိမင်းနဲ့ အလုပ်လုပ်ဖူးတဲ့လူတွေထဲက ဘယ်သူက ကောင်းတဲ့ထင်မြင်ချက်​တွေ ကျန်ခဲ့တယ်လို့မင်းထင်လဲ?"

တစ်ဖက်လူက သူ့ဆီကို ဂရုတစိုက် မေးလာတဲ့အတွက် ဆုနို လေး​လေးနက်နက်နဲ့ လူအချို့ကို ညွှန်း​ပေးလိုက်သည်။

"သူတို့ရဲ့ စရိုက်​တွေက ကောင်းတဲ့အပြင် အလုပ်လုပ်တဲ့​နေရာမှာလည်း အပြန်အလှန် နားလည်မှုတွေရှိကြတယ် "

"ကျေးဇူးပါ " အိုးရန်လုံ သူရဲ့မေးစေ့ကိုပွတ်ပြီး နောက်ဆုံးတွင် သူလိုချင်သည့် နောက်ဆုံးပန်းတိုင်သို့ရောက်လာသည်။

"ချိုးကျီယန် ဆိုရင်​ရော ဘယ်လိုလဲ?"

သူဒီနေရာကို ရောက်လာဖို့ဘယ်လောက်တောင် စကားဆွဲယူလိုက်ရလဲ?!!

" Pffff... " ဆုနိုသည် မ​မျှော်လင့်ထားသည့် နာမည် ကိုကြားလိုက်ရသည့်အတွက် ပါးစပ်ထဲရှိ လက်ဖက်ရည်မှာ သီးသွားရသည်။

ဘ-ဘ-ဘာလို့ အဲ့လူရဲ့ နာမည်က ရုတ်တရက်ကြီး ဒီ​နေရာမှာ ပေါ်လာရတာလဲ?အား!လန့်စရာ​ကောင်းလိုက်တာ!!

"အဆင်ပြေရဲ့လား?" အိုးရန်လုံက စိုးရိမ်သွားသည့်ပုံစံ ဟန်ဆောင်လျက် သူ့ပါးစပ်ကိုသုတ်ပေးရန် လက်ကိုင်ပုဝါတစ်ထည်ကိုဆွဲထုတ်လိုက်သည်။

"တောင်းပန်ပါတယ် " ဆုနို အနည်းငယ် ကိုးရို့ကားယားဖြစ်သွားရသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now