လေတိုးလို့အေးနေတဲ့နားရွက်လေးတွေက...မောင့်လက်ဖဝါးကြားမှာ ပူလာတယ်။
ရင်ထဲက တုန်လာပြီး...ရေငတ်သလို အာခေါင်တွေခြောက်သွေ့လာတယ်။ တံတွေးကိုမျိုချရင်းနဲ့ပဲ ပိုပြီး ခြောက်လာတဲ့ခံတွင်း...အပြင်မှာအေးနေတယ်...ဒါပေမဲ့...ငယ့်ရင်ထဲပူနွေးနေတယ်။
မောင် ထိတွေ့ခဲ့ရာနေရာတိုင်းရဲ့ အရေပြါးအောက်က သွေးကြောလေးတွေက မီးပုံပွဲပြီးသွားလို့ကျန်ခဲ့တဲ့ မီးကျီခဲလိုပဲ...တဖျစ်ဖျစ်အသံနဲ့ရောင်စုံဖြာတဲ့အလင်းရောင်တွေထွက်နေတယ်။
သွေးတွေပူလာတယ်...ရင်တွေတလှပ်လှပ်ဖြစ်ပြီး...ခံစားချက်က ဆူဝေလာတယ်။
မောင့်ကို မော့်ကြည့်မိတော့....မောင်က ငယ့်ကို ကောက်ပွေ့လိုက်ပြီ။
မောင့်လည်ပင်းကိုဖက်ထားရင်း မောင့်ရင်ခွင်ထဲခေါင်းတိုးဝင်မိတယ်။

ရှက်တယ်...တကယ်ဆို ခုထိရှက်နေတုန်းပဲ။
ကြောက်လဲကြောက်မိတယ်။
ခန္ဓာဗေဒကို ကျွမ်းကျင်ပြီးသား သိပြီးသားပေမဲ့ ခွဲခန်းထဲဝင်သလို မကျွမ်းကျင်ဘူး...ရင်းနှီးကျွမ်းဝင်မှုလဲမရှိသလို အစိမ်းသက်သက်ကြီးဖြစ်နေတုန်းပဲ။
မောင် ဖြစ်နေလို့ပေါ့ ...မောင်ဖြစ်နေလို့ ရှက်လဲရှက် ကြောက်လဲကြောက်ပြီး ရင်တွေလဲအဆမတန်ခုန်တယ်။
မောင်က ဒီလိုအချိန်မျိုးမှာ ဒီလောက်ထိဆွဲဆောင်မှုရှိလိမ့်မယ်ထင်မထားမိဘူး။ အရမ်း အရမ်းကို...ထင်မှတ်မထားတဲ့ ဆွဲဆောင်မှုမျိုးရှိတယ်။
တွေးရင်း ရှက်လာတော့ မောင့်ရင်ဘတ်ကို ကိုက်ဖို့လုပ်တယ်။

ကုတင်ပေါ်ကို ဖြေးဖြေးလေး မောင်က တင်ပေးတယ်။
အပေါ်က အုပ်မိုးပြီး စိုက်ကြည့်နေတဲ့ မောင်...
ရှက်လွန်းလို့ မောင့်မျက်နှာကို ဆွဲယူပြီး နမ်းမိတယ်။
ကိုယ်ကဘာရယ်မဟုတ် လုပ်မိတာ....ရှက်ပြီးလုပ်မိတာ...မောင့်အတွက်က ထိန်းမရနိုင်တဲ့အခြေအနေတွန်းပို့မိသွားတာ မသိလိုက်ဘူး။

ပေးမယ်လို့ ပြောခဲ့မိတာ သိတယ်။
ပေးရတော့မှာလားဆိုပြန်တော့ ရှက်ပြီးကြောက်တယ်။
မောင်တော့...ငယ့်စကားအတိအကျနားထောင်ဖို့ကြိုးစားနေပြန်ပြီ။
ငယ့် တစ်ကိုယ်လုံး မောင့်လက်တွေပြေးလွှားနေတယ်။

"မောင်..."

"အင်း..ငယ်ထွေး..."

"ဟိုလေ...ဟို...ဟိုဒင်း.....မနက်ဖန်တစ်ရက်ကျန်သေးတယ် မောင်ရယ်....မနက်ဖန်မှပဲ..."

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now