"ငါ စိတ်ငြိမ်ငြိမ် ထားမှာပါ ငါက ပရိုဖက်ရှင်နယ်တစ်ယောက်ပဲလေ! " ဆုနို အသက်ကိုခပ်ပြင်းပြင်းရှူလိုက်ပြီး အေးစက်ကြော့ရှင်းစွာ လမ်းလျှောက်သွားလိုက်သည်။

"မင်းနဲ့ အလုပ်တွဲလုပ်ရတာ ဝမ်းသာပါတယ်" ချိုးကျီယန် သူ့ကိုပြုံးပြလိုက်သည်။

မင်းက ဘာအတွက်ပြုံးနေတာလဲ? ငါက​​တော့ လုံးဝပျော်မ​နေဘူးကွ! 

ဆုနို သူ့စိတ်ထဲတွင်​တော့ သူရဲ့လက်ဖဝါးကို နောက်လက်တစ်ဖက်က လက်သီးနှင့်ထိုးလိုက်ပြီး ဒေါသတကြီးအော်ဟစ်လိုက်ပြီးနောက်တွင် အကြောင်းတစ်ခုခုကြောင့် သူ့နားနောက်တွင် ပူနွေးလာခဲ့သည်။

“ အို​ခေ!ကျီယန်......နိုနိုကို အနောက်ကနေ ပွေ့ဖက်လိုက် ” ဓာတ်ပုံဆရာက focus ကိုချိန်ညှိနေရင်း ညွှန်ကြားလိုက်သည်။

"အဟွတ်..အဟွတ်.." Na-na-nii!! ဆုနိုသည် အ​နောက်က​နေ ပွေ့ဖက်ခံလိုက်ရ​သော​ကြောင့် တံတွေးသီးသွားရသည်။

"ဒီလိုမျိုးလား?" ချိုးကျီယန် သူ့ကိုအနောက်ကနေ ညင်သာစွာပွေ့ဖက်လိုက်၏။

အား...! ဆုနို  ချက်ချင်းပင် သူ့မျက်လုံးဝိုင်းကြီး​​တွေနဲ့ ငေးကြည့်လိုက်ပြီး သူ့​ဦး​နှောက်တစ်ခုလုံးကလည်း ခေါင်းတည့်တည့်ကို မိုးကြိုး ပစ်ချလိုက်သည့်အတိုင်း ဗလာကျင်းသွားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးက Sparta  ဖြစ်သွားတော့သည်။

“ အရမ်းကောင်းတယ်,နိုနို မင်းရဲ့အမူအယာ​လေးကို ခပ်ဆိုးဆိုး ပုံ​စံ​လေး ဖြစ်​အောင်လုပ်လိုက်” ဓာတ်ပုံဆရာက အလွန်ကျေနပ်သွားသည်။

မင်းတစ်မိသားစုလုံးသာ ဆိုးသွမ်းယုတ်မာ​နေလိုက်!!

အခု သူက သူ့​နောက်​ကျောမှာရှိနေတဲ့ တစ်ဖက်လူရဲ့ လက်​မောင်း​တွေကြားမှာ တင်းတင်းကျပ်ကျပ်အဖက်ခံ​နေရပြီး သူ့ရဲ့ ခန္ဓာကိုယ်အပူချိန်​နဲ့ ရင်အုပ်ကြွပ်သားတွေကိုပါ သူ့ရှပ်အကျီ​တွေက​နေတဆင့် ခံစားလို့​ရ​သည်။

ဆုနို ချွေးတွေရွဲနစ်​နေပြီး သူ့ တစ်ကိုယ်လုံးက ဓါတ်လိုက်​နေသလို ခံစား​နေရတဲ့အပြင် သူ့လည်ပင်းသည်လည်း တောင့်​နေပြီ ဖြစ်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now