အနားရောက်လာပြီး...တစ်ချက်ပဲလှည့်ကြည့်တယ်။
ဘာကြည့်တာလဲဆိုတဲ့အကြည့်...ဒါပေမဲ့ တစ်ချက်ညှို့သွားတာကြောင့်...ဘဂျမ်း လူးပျံပြီးကျန်ခဲ့တယ်။
ဒီတိုင်းနဲ့ ငါသေသွားရင် ငယ်ထွေးပယောဂပဲ...သေချာတယ်။
ရင်ဘတ်ထဲက ထိန်းမရအောင်ဆူဝေလာတယ်။
အတွေးပေါင်းစုံချာလည်မူးနေစဥ်မှာပဲ...

"မောင်...ဗိုက်ဆာလား...ထမင်းစားတော့မလား"

"ဟင်...အင်း...အင်း....အရမ်းမဆာသေးပါဘူး...ငယ်ထွေးဗိုက်ဆာရင်စားကြမယ်လေ"

"ငယ်ရောပဲ...ငယ်ရောပဲမဆာဘူး"

"ငယ်ထွေးလေး...လာပါအုံး...ခေါင်းကို ရေသုတ်ပေးမယ်လေ"

ဘဂျမ်းထိုင်နေတဲ့နား ကပ်လာတယ်။
ရှန်ပူနံ့လေးနဲ့ ရေချိုးဆပ်ပြါနံ့သင်းမွှေးနေတဲ့ ငယ်ထွေးလေးက...သကြားလုံးလေးလိုပဲ။ ချိုအီအီ မွှေးပျပျနဲ့...အရမ်းလဲ ဖက်ထားချင်တယ်။ ရင်ခွင်ထဲထည့်ပြီးလဲ နမ်းလိုက်ချင်တယ်။ နီညိုညိုဖြစ်နေတဲ့နှုတ်ခမ်းထူအိအိလေးကို ကိုက်ဖောက်ပစ်ချင်တယ်။
ခက်တာက...ကိုယ့်စိတ်တွေရိုင်းလာတာကိုယ်ပဲသိတယ်။ ငယ်ထွေးကို မနာကျင်စေချင်ဘူး။

နှစ်ယောက်ထဲရှိနေတယ်ဆိုတဲ့အသိရယ်...တိတ်ဆိတ်တဲ့အခန်းလေးရယ်...မထိမတွေ့ရဘဲ နေခဲ့ရတဲ့ရက်တွေများလာတာရယ်...ငယ်ထွေးရဲ့အဝတ်မပါတဲ့ခန္ဓာကိုယ်ကိုမြင်လိုက်ရတာရယ်...အားလုံးပေါင်းလိုက်တော့...အပြင်မှာနေရောင်လင်းနေပေမဲ့ ဘဂျမ်းရင်ထဲ နေရောင်ပျောက်နေရတယ်။

"မောင်..."

အရမ်းကို လန့်သွားမိတယ်။
ငယ်ထွေးခေါင်းကို ပဝါလေးနဲ့ရေစင်အောင်သုတ်ပေးနေရင်း အတွေးတွေမှောင်မိုက်နေတာကြောင့် ထွက်ပေါက်ပျောက်လို့ မှောင်ထဲမှာထွက်ပေါက်လိုက်ရှာရင်းမို့ ဘဂျမ်းလန့်သွားတယ်။

"ငယ်...ငယ်ထွေးလေး..."

"မောင်...နားလိုက်အုံးလေ"

"မောင်...မောင်...မောင်လေ ငယ်ထွေး..."

ဘဂျမ်းကိုကြည့်နေတဲ့ ငယ်ထွေးရဲ့မျက်ဝန်းကြည်လေးတွေ..တလဲ့လဲ့နဲ့...
မရတော့ဘူး....အဲ့မျက်ဝန်းလေးထဲ ကျွန်တော်ခဏနားမယ်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now