"'နှင်းဆီပွင့်ရဲ့ရုတ်ခတ်သံ'စံ​တော်ကို တက်ရောက်လာပေးလို့ ဒီအိမ်ရှေ့စံဟာ ဝမ်းမြှောက်ပီတိဖြစ်ရပါတယ်" လို့ ပြောရင်း အိမ်ရှေ့စံဟာ သူနားမှာ ဝန်းရံလာသည့်ပျိုမေတွေကို အလိုက်သင့်နူတ်ဆက်နေတော့သည်၊ဆိုရက်စ်ဟာလည်း သူ့ညီအစ်ကိုတွေကို တဝိုင်းတည်းဖြစ်အောင် စီစဉ်လိုက်သည်၊
ထိုနောက် အစေခံတစ်ဦးကို သူ့ညီငယ်လေးအန်ဒီးယားက တစ်ခုခုမှာကြားနေတာ မြင်တော့...
"အန်ဒီးယား အစေခံကို ဘာခိုင်းစေနေတာလဲ" လို့ လှမ်းမေးလိုက်တော့ အန်ဒီးယားရဲ့မျက်ဝန်းလေးများဟာ အနည်းငယ်ပြူးကျယ်က ပခုံးဟာ တချက်တုန်လှုပ်သွားပေမယ့် ဘာမှမဖြစ်သည့်အမူအရာလေးဖြင့်
"စတော်ဘယ်ရီယိုထိုးမုန့် ချပေးဖို့ပြောနေတာ ကိုကိုဆိုရက်စ် " လို့ပြောလိုက်တာကြောင့် ဆိုရက်စ်လည်း ထွေထွေထူးထူးမတွေးတော့ပဲနေလိုက်တော့သည်၊ထိုနောက် အစေခံမလေးဟာ လက်ဖက်ရည်ခွက်များ သူတို့ညီအစ်ကိုငါးယောက်ဆီ ချပေးလာတော့သည်၊
နှင်းဆီပွင့်ရဲ့ရိုက်ခတ်သံစံတော်ဟာ ၆လတကြိမ်သာ ညလက်ဖက်ရည်ပါတီကျင်းပပြီး အခြားပါတီတဖက်ခြမ်းမှာတော့ အသက်ပြည့်လူရွယ်များနဲ့လူကြီးတက်ရောက်သည့်ပါတီဖြစ်ပြီး ဒီစံတော်မှာတော့ အသက်မပြည့်သေးသည့်လူငယ်များအတွက် သီးသန့်ပြင်ဆင်ထားသည့်ပါတီဖြစ်သည်၊ဒီပါတီရဲ့ထူးခြားချက်ကတော့ တော်ဝင်ဥယျာဉ်ကသေချာပျိုးထားသည့် ပန်းနုရောင်နှင်းဆီလက်ဖက်ရည်ကို သောက်သုံးခွင့်ရခြင်းဖြစ်သည်၊ဒီနှင်းဆီလက်ဖက်ရည်ဟာ သာမန်လက်ဖက်ရည်တွေထက် ပိုမိုတန်ကြေးကြီးကာ အလွယ်တကူမရရှိနိုင်သော လက်ဖက်ခြောက်အမျိုးအစားဖြစ်သည်၊
ဆိုရက်စ်ဟာ ဖန်ရောင်လက်ဖက်ခွက်ထဲက ပန်းနုရောင်အရည်များကို ကြည့်ကာ အနံ့ခံလိုက်သည့်ချိန်မှာ သိမ်မွေ့ပြီး အလွန်စူးရှသည့်ရနံ့သင်းသင်းဟာ သူရဲ့စိတ်ဖိအားတွေကို လျော့ချသွားစေရုံသာမက ထိုရနံ့ကြောင့် သူကိုယ်တိုင် ပန်းနုရောင်နှင်းဆီခင်းကြီးများ ဖြတ်သန်းနေရသလိုပင်၊ ထိုနောက်သူဟာ ခွက်ကိုမယူလိုက်ပြီး ဖြည်းဖြည်းချင်းသောက်သုံးလိုက်သည်၊သူရဲ့လျှာပေါ်မှာ စူးရှပြီး ချိုမြမြအရသာဟာ စွဲကပ်နေတော့သည်၊