"ကျွန်တော် မပြောပြချင်ဘူး..." သူရဲ့လိမ်ညာမှုကိုဖော်ထုတ်ခံလိုက်ရသောအခါ ထန်​ရှောင်းယွီသည် တစ်ဖက်လူရဲ့ အကြည့်​တွေကို ရှောင်ကာ အ​​ဝေးကိုသာ အကြည့်လွှဲနေလိုက်သည်။

“ ဒါဆိုရင်​ ကျွန်​တော့်ကို မြန်မြန်​လေးသာ အလုပ်ထုတ်ပစ်လိုက်ပါ....ကျွန်​တော့်ဦးလေးကိုတော့ မပြောပါနဲ့....”

"မင်း အလုပ်ထုတ်ခံရရင် မင်းအတွက် ဘာအကျိုးရှိသွားမှာလဲ ?" ချိုးကျီယန်သည်လည်း ထပ်​​ပြောဖို့ မတတ်နိုင်​​တော့​ပေ။
"ဦးလေးထန်ထွက်သွားတုန်းက သူက မင်းကို အကောင်းဆုံးဂရုစိုက်ပေးပါလို့ ငါ့ကိုမှာခဲ့တာ"

ထန်​ရှောင်းယွီ ခေါင်းကို ငုံ့ထားလိုက်ပြီး စကားမပြောတော့​ပေ။

"ကိစ္စမရှိပါဘူး ဒီအကြောင်းတွေကိုနောက်မှ ထပ်ပြောကြရအောင် " သူပုံစံနဲ့လည်း ချိုးကျီယန်သည် ထပ်ပြီး မစစ်​ဆေးချင်​တော့။

"မင်းမှာနည်းနည်းပြင်းတဲ့ဒဏ်ရာရှိနေတာမို့ ဆရာဝန်က တစ်ည စောင့်ကြည့်ပြီးရင် မနက်ဖြန် ဆင်းနိုင်ပြီလို့ပြောတယ်"

"ကျေးဇူးတင်ပါတယ်" သူကို မေးခွန်းတွေ အတင်းမ​​မေးတော့တာကို မြင်ရမှ ထန်​ရှောင်းယွီသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။

သူ့မန်နေဂျာက ညစာစားပြီးပြီးချင်း မကြာခင်မှာပဲ ညစာ​အတွက် ဝယ်ပြီးပြန်လာခဲ့သည်။  ထန်​ရှောင်းယွီက​တော့ စောင်​အောက်မှာ နာနာခံခံနဲ့ ပြန်အိပ်​ပျော်သွား​သည်။ ချိုးကျီယန် သူ့မန်​နေဂျာကို
လှည့်ကြည့်လိုက်ပြီး   "မင်း အရင် ပြန်နှင့်လိုက် မနက်ဖြန် သူ​ဆေးရုံဆင်းတဲ့ အချိန်ကျရင် ကားနဲ့လာ​ခေါ်​ပေး"

" မင်း သူနဲ့နေခဲ့မှာလား?" မန်နေဂျာသည် အံ့သြသွားကာ "ငါတို့ သူနာပြုဌားလိုက်လို့ရတယ်လေ!"

"စိတ်မပူပါနဲ့ ဒါ တစ်ညတည်းပါပဲ" ချိုးကျီယန် ဇွဲ​ကောင်း​ကောင်းနဲ့ ထပ်​ပြောလိုက်သည်။

"ဘာ​လို့လဲ?" မန်နေဂျာခင်ဗျာ နားမလည်နိုင်ခဲ့ပေ။
စူပါစတားတစ်ယောက်က သာမာန်ယာဉ်မောင်းသမား​လေးအတွက်နဲ့ လူနာစောင့်​ပေးတယ်!!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Nơi câu chuyện tồn tại. Hãy khám phá bây giờ